Unicode
အခန်း ၃၈
'သူ တို့က ဆေးရုံကို ဘာလာလုပ်ကြတာလဲ'ဒေါ်မြတ်နှင်းပေးလိုက်တဲ့ပုံကိုကြည့်ပြီး ဝေယံမေးလိုက်သည်။
'အဲဒါမင်းစုံစမ်းရမယ့်ကိစ္စဘဲ'
'မင်းနဲ့ရှင်းကိုကို တို့က သူငယ်ချင်းတွေမလား မင်းသူ့ကိုမေးရင်တော့ သိမှာပေါ့'
' ခင်ဗျားပြောတဲ့အစီအစဥ်ကရော ဘယ်တော့စမှာလဲ အဲဒီပြည့်စုံလျှံရှင်းဆိုတဲ့ကောင်ကို ဘယ်လို ပြိုလဲအောင်လုပ်မှာလဲ'
'အခုဘဲ စနေပြီလေ။ မင်းဘက်ကသာ ငါခိုင်းသလိုသေချာလုပ်ရင် မင်းအတွက်လည်းအကျိုးရှိမယ်ငါ့အတွက်လည်းအကျိုးရှိမယ်။'
'ကောင်းပြီလေ ။ ကျုပ်စုံစမ်းထားလိုက်မယ်'
ဝေယံ မျက်လုံးတွေမှာ မုန်းတီးမှုအပြည့်ဖြစ်သည်။ လက်သီးကို တင်းတင်းဆုပ်ကာ လျှံအပေါ်ကို ကလဲ့စားချေချင်သည့်စိတ်အပြည့်ဖြစ်သည်။ တည်ငြိမ်နေတဲ့ငါ့ဘဝကို မင်းဖျက်ဆီးခဲ့တာ။ငါချစ်တဲ့သူကို ပိုင်ဆိုင်ရတာ အားမရလို့ ငါရဲ့အလုပ်ကိုပါ ထိခိုက်အောင်လုပ်တယ်။ ငွေနဲ့အရာရာဖြေရှင်းတတ်တဲ့ မင်းတို့လို လူတန်းစားတွေကို ငါစောက်ရမ်းမုန်းတယ်။ အလုပ်ပြုတ်ပြီးနောက်တစ်နေ့ နယ်မှာရှိတဲ့ ငါ့အမေက အသည်းအသန်ဖြစ်လို့ ဆေးရုံတင်ခဲ့ရတယ်။အဲဒီချိန်မှာ ငါ့မှာ ရှိသမျှပိုက်ဆံတွေအကုန်ကုန်သွားပေမယ့် ငါ့အမေရဲ့အသက်ကိုမကယ်နိုင်ခဲ့ဘူး။နေ့ချင်းညချင်း ငါ့ဘဝကြီးပြိုကျသွားသလိုဘဲ။ အလုပ်ကလည်းပြုတ် အမေ့ကိုလည်းဆုံးရှုံးရတယ်။ငါ့အပေါ်မှီခိုနေတဲ့ ငါ့ညီလေးနဲ့ညီမလေးတွေမျက်နှာကြောင့် ငါတင်းခံနေရတာ။ အသည်းအသန်အလုပ်ရှာနေတဲ့အချိန်မှာ ဒေါ်မြတ်နှင်းက ငါ့ဆီဆက်သွယ်လာခဲ့တယ်။ အလုပ်လည်းပေးမယ် မင်းကိုလည်း ကလဲ့စားချေလို့ရမယ့် အလုပ်ကို စိတ်ဝင်စားသလားတဲ့။
.......
'ကိုကို'
"ဘယ်လိုဖြစ်နေတာလဲ။ ငါ့အလုပ်ကအပန်းကြီးတာမှမဟုတ်တာ။ဘာလို့အလုပ်ထွက်ရမှာလဲ"
ရှင်းအလုပ်သွားမှာကို မသွားရဘူးတဲ့။ ကိုယ်ဝန်ကို အကြောင်းပြပြီး ရှင်းကိုအလုပ်မလုပ်စေချင်ဘူးတဲ့။ကိုယ်ဝန်က လရင့်သေးတာလည်းမဟုတ်ဘဲနဲ့ ဒီအတိုင်းကြီးအိမ်မှာဘဲ မေနချင်ဘူး။ ရှင်းကို စိတ်ကောက်နေသူက ရှင်းကို နောက်ကနေ ဖက်ထားပြီး ရှင်းပုခုံးပေါ် မေးလေးတင်လျက် အသက်ပြင်းတွေချည်းချနေသည်။
YOU ARE READING
My Shin,My Husband (Completed)
Roman d'amour(Zawgyi+Unicode) Shin Shin Couple ပြည့်စုံလျှံရှင်း+တည်ငြိမ်ရှင်းကိုကို စာ ရေးသူက အသစ်ဖြစ်လို့ ဇာတ်ကောင်နာမည်များတူနေပါကလာရောက်ပြောကြားနိုင်ပါတယ် Warning ⚠This fiction is 18+🌚🔞 အသက်မပြည့်သေးသောသူများမဖတ်ကြပါရန်သတိပေးချင်ပါသည် PS လျှံကိုလေ❌(ရှန်)...