Zawgyi
အခန်း၁၆
မိလှိုင် အစ်ကိုလေး ကိုကြည့်ရတာ အရမ်းဒေါသထွက်နေသလိုဘဲ။ ဦးလေးကြီးကိုလည်းဘာမေးနေတာပါလိမ့်။မိလှိုင်က အိမ်တံခါးဝမှာရပ်နေရင်း driverဦးလေးကြီးကိုမေးပြီးတာနဲ့ လျင်မြန်စွာမောင်းထွက်သွားတဲ့ အစ်ကိုလေးကားကို ကြည့်ပြီး လက်ဖဝါးလေးကို ရင်ဘတ်ပေါ်တင်ကာ ဘုရားတမိသည်။ driver ဦးလေးကြီးအနားရောက်လာတော့“ဦးလေး အစ်ကိုရှင်းမပါဘူးလား”
“သူ့သူငယ်ချင်းအိမ်ကို သွားတယ်”ဦးလေးကြီးကပြောပြီးတာနဲ့လှည့်ထွက်သွားသည်။ မိလှိုင်လည်း မီးဖိုခန်းပြန်ဝင်လာတော့ ဖွားဖွားက အိမ်ပေါ်ကဆင်းလာတာကိုတွေ့ပြီး မိလှိုင်ဖွားဖွားလက်မောင်းကို ကူတွဲပေးလိုက်သည်။
“မိ လှိုင် ဘာတွေဆူညံနေတာလဲကွဲ့”
“အစ်ကိုလေးပါ ဖွားဖွား အစ်ကိုရှင်းပြန်မလာသေးဘူးလားဆိုပြီးမေးပြီးတော့ပြန်ထွက်သွားတယ်”
“ဒါဖြင့် သားရှင်းကဘယ်မှာလဲ”
“အစ်ကိုရှင်းကသူ့သူငယ်ချင်းဆီကိုသွားတယ်တဲ့ဖွားဖွား”“ဒီကလေးတွေ ဘာဖြစ်ကြပြန်တာလဲ”
“အစ်ကိုလေးကြည့်ရတာ ဒေါသအရမ်းထွက်နေတဲ့ပုံဘဲ ဖွားဖွား” အိမ်ထောင်ရေးဆိုတဲ့ခရီးလမ်းမှာ ဆူးညှောင့်ခလုတ်တွေရှိတတ်စမြဲ။ အဲဒီအရာတွေကိုရှင်းထုတ်ဖို့က နှစ်ဦးစလုံးအပေါ်မှာမူတည်နေတယ်။ဒီလိုဒဏ်တွေကို ရင်ဆိုင်ဖြေရှင်းမှ လက် တွဲ မြဲကြမှာ။ ငါ့မြေးလေးတို့ကိုဖွားဖွားယုံကြည်တယ် ။
ဖွားဖွားကမိလှိုင်ပြောတာကိုတွေးရင်းေခါင်းငြိမ့်လိုက်သည်။“ဖွားဖွား အစ်ကိုရှင်းနဲ့အစ်ကိုလေးတို့ တစ်ခုခုဖြစ်လာကြရင်ဘယ်လိုလုပ်မလဲဟင်။သူတို့ရန်တွေဘာတွေများဖြစ်ကြရင် ဒုက္ခဘဲ။”
မိလှိုင် တွေးပူမိလာသည်။ ဖွားဖွားကတော့ မိလှိုင်ဆိုတဲ့ကလေးမလေးကို
“လင်နဲ့မယား လျှာနဲ့သွားတဲ့ တစ်ခါတစ်လေ ကတောက်ကဆဖြစ်တတ်ကြတာ သဘာဝဘဲ မိလှိုင်။ကဲကဲ ငါကို အခန်းထဲပြန်လိုက်ပို့ပေးတော့မိလှိုင် ။”
“ဟုတ်ကဲ့ ဖွားဖွား”
..................
“ရှင်း မင်းငိုထားတာလား”
ရှင်းမျက်ဝန်းသားတွေအနည်းငယ်နီကာ နှာသီးဖျားလေးတွေက ရဲတွတ်နေတော့ ငိုထားမှန်းသိသာသည်။
YOU ARE READING
My Shin,My Husband (Completed)
Romance(Zawgyi+Unicode) Shin Shin Couple ပြည့်စုံလျှံရှင်း+တည်ငြိမ်ရှင်းကိုကို စာ ရေးသူက အသစ်ဖြစ်လို့ ဇာတ်ကောင်နာမည်များတူနေပါကလာရောက်ပြောကြားနိုင်ပါတယ် Warning ⚠This fiction is 18+🌚🔞 အသက်မပြည့်သေးသောသူများမဖတ်ကြပါရန်သတိပေးချင်ပါသည် PS လျှံကိုလေ❌(ရှန်)...