Zawgyi
အခန်း၁၈မနက်ခင်းနေရောင်ခြည်ဟာ အခန်းတစ်ခုအတွင်းဖြာကျလို့လာသည်။အခန်းပြတင်းပေါက်ရဲ့လိုက်ကာဟာ အလင်းရောင်ထိုးဖောက်လို့ အရိပ်ကျနေလေပြီ။
မျက်ခွံလ တေွကိုလှုပ်လဲ့လှုပ်လဲ့လုပ်ကာလျှံ မျက်လုံးဖွင့်လိုက်သည်။ နံဘေးကိုလှည့်ကြည့်မိတော့
“မွ”
လျှံ့ လက်မောင်းထက်မှာအိမ်မောကျနေတဲ့ ထိုလူသားရဲ့ ပါးပြင်ထက်ကို နူးနူးညံ့ညံ့ အနမ်းလေး ချွေလိုက်သည်။ လျှံထိုလူသားရဲ့ ပါးပြင် လေးကိုလက်ဖဝါးလေးနဲ့ပွတ်သတ်ကာ ထိုလူသားရဲ့ မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ရင်း ပြုံးလိုက်မိသည်။ ငိုထားလိုက်တာ မျက်ခွံတွေတောင်မို့နေပြီ။အချိန်တစ်ခုထိ လျှံထိုလူသားရဲ့မျက်နှာလေးကို ငေးနေရာမှ ရုတ်တရက်လျှံ့ခေါင်းထဲ အတွေးတစ်ချို့ဝင်လာသည်။လျှံချက်ချင်းအဲဒီအတွေးတွေကို ရှင်းထုတ်လိုက်သည်။“မုန်းချင်ပေမယ့် မမုန်းရက်ပါလား ခင်ဗျားရာ”
လျှံ တိုးတိုးလေး ရေရွတ်သလိုပြောလိုက်သည်။ ခင်ဗျားသိလား ကျုပ်ခင်ဗျားကိုမုန်းခဲ့တယ်။ကျုပ်အဲဒီအကြောင်းကိုပြန်တွေးမိတိုင်း ခင်ဗျားကြောင့်ဆိုပြီး ကျုပ်ကိုယ်ကျုပ်ခင်ဗျားကို မုန်းဖို့ အမိန့်ပေးခဲ့တယ်။ဒါပေမယ့် မုန်းဖို့ထက်မေ့ဖို့ကိုကျုပ်ရွေးချယ်လိုက်တယ်။ ဒါကြောင့်လည်း ကျုပ် ခင်ဗျားနဲ့ ဝေးရာကိုထွက်သွားခဲ့တယ်။ခင်ဗျားကို မေ့ပစ်ဖို့ အချိန်ယူတာ၁၀နှစ်ကြာသွားတယ်။အချည်းနှီးပါဘဲဗျာ။ကျုပ်ရဲ့ဦးနှောက် က ခင်ဗျားကို မေ့သင့်တယ်လို့ပြောနေပေမယ့် နှလုံးသားလေးကတော့ မမေ့နိုင်သလို မုန်းလည်းမမုန်းနိုင်ဘူးတဲ့။ဟိုကပြန်လာပြီးခင်ဗျားကိုစစတွ့ချင်းတုန်းကဆို ကျုပ်လေ ကျုပ်နှလုံးသားထဲက ပြောတာတွေကမှန်တယ်ဆိုတာသိလိုက်ရတယ်။ဒါပေမယ့် ကျုပ် အချိန်တစ်ခုတော့လိုသေးတယ်။ ခင်ဗျားအပေါ်ကျုပ်ရဲ့ခံစားချက်ကို စမ်းစစ်ရဦးမယ်။ ကျုပ်က ဦးနှောက်နဲ့ဘဲ ဆုံးဖြတ်ချက်ချတတ်သမားဆိုတော့ နှလုံးသားကိုချည်း အရေးမပေးချင်ဘူးဗျာ။လျှံ သက်ပြင်းလေးမသိမသာချလိုက်သည်။ လျှံရဲ့ နှာခေါင်းကနေ ရှူထုတ်လိုက်တဲ့လေပူတွေက ရှင်းမျက်နှာကိုသွားရိုက်လေသည်။ ရှင်းမျက်ခုံးလေးတွေ ကွေးလာကာမျက်ခွံလေးတွေလှုပ်လာသည်။
YOU ARE READING
My Shin,My Husband (Completed)
Romansa(Zawgyi+Unicode) Shin Shin Couple ပြည့်စုံလျှံရှင်း+တည်ငြိမ်ရှင်းကိုကို စာ ရေးသူက အသစ်ဖြစ်လို့ ဇာတ်ကောင်နာမည်များတူနေပါကလာရောက်ပြောကြားနိုင်ပါတယ် Warning ⚠This fiction is 18+🌚🔞 အသက်မပြည့်သေးသောသူများမဖတ်ကြပါရန်သတိပေးချင်ပါသည် PS လျှံကိုလေ❌(ရှန်)...