Zawgyi
အခန်း၁၀
“လျှံ....မင်းလက်က...”
လျှံရဲ့လက်ကို ရှင်းကောက်ဆွဲလိုက်သည်။ ဒဏ်ရာက ဖန်ခွဲစရှထားတဲ့ ဒဏ်ရာလိုလို ဓားရှရာလိုလိုဖြစ်သည်။ရေချိုးထားတော့ ဒဏ်ရာက ရေနူးပြီးပွနေကာ သားရေတွေတောင်လန်နေလေသည်။ ရှင်းဒီဒဏ်ရာဘယ်လိုရလာလဲ မမေးဖြစ်တော့ဘဲ လျှံကို ဆိုဖာဆီသို့ ဆွဲခေါ်လာတော့သည်။ လျှံအခန်းက အတော်ကျယ်သည်။ ဧည့်ခန်းထဲကလိုဆိုဖာပါ ရှိလေသည်။ရှင်းသူ့ကို ဆိုဖာပေါ်ထိုင်စေပြီး ဆေးသေတ္တာဘူးကို သွားယူလာခဲ့သည်။ရှင်းသူ့လက်ကို ဆေးထည့်ဖို့ သူလက်ကို ကိုင်တော့ အတင်းရုန်းကာ‘ဒီလောက်လေးကို မလိုပါဘူးဗျာ...’
ရှင်းသူ့လက်ကောက်ဝတ်ကို ပြန်ဆွဲလိုက်သည်။
‘မင်းအဆင်ပြေပေမယ့် ငါမပြေဘူး။ဒီဒဏ်ရာကို ဆေးထည့်မှကိုဖြစ်မယ်”
လျှံလည်း ထိုလူသားကို စိတ်တိုနေပါတယ်ဆိုမှ အခုလို တွေ လုပ်တော့ ဘယ်စိတ်ဆိုးရက်မလဲ ခင်ဗျားရာ။
“ဒီဒဏ်ရာရတာ ခင်ဗျားကြောင့်”
“ဘယ်လို”
“မမေးနဲ့ ခင်ဗျားကြောင့်ဆို ခင်ဗျားကြောင့်ဘဲ။ကျုပ်ဒီနေ့တစ်နေ့လုံး ဘာမှ မစားရသေးတာလဲ ခင်ဗျားကြောင့်”ဟုတ်တယ်လေ ဒီနေ့တစ်နေ့လုံးလျှံ ထိုလူသားစိတ်နဲ့ ဘာလုပ်လုပ်အဆင်မပြေဘူး။
ရှင်းသူ့လက်ကို ပတ်တီးစည်းပေးနေရင်း သူအခုလိုပြောလိုက်တော့ ရှင်းမျက်နှာလေးညှိုးသွားသည်။ ရှင်းအမှားလည်းမကင်းဘူးဆိုတော့ရှင်းငြိမ်နေလိုက်သည်။
“ခင်ဗျားကြောင့်ဆိုတော့ ခင်ဗျား တာဝန်ယူရမည်”“ငါ မင်းကို ဘာလုပ်ပေးရမလဲ...”
“ကျုပ်အခုဗိုက်ဆာတယ်။ညစာပြင်ပေး...”
“ကောင်းပြီလေ...”
ရှင်း ထရပ်လိုက်ပြီး ထွက်သွားဖို့လုပ်တော့ ရှင်းလက်ကောက်ဝတ်ကို ပြန်ဆွဲထားသည်။ ပြီးတော့ ရှင်းနဖူးပေါ်သူ့ရဲ့ လက်ဖမိုးကျရောက်လာလေသည်။“ခင်ဗျားကိုယ်မပူတော့ဘူးဘဲ၊ဆေးရောသောက်ပြီးပြီလား”
“အင်း...”
ရှင်းခေါင်းငြိမ့်လိုက်တော့ ဘာမပြောညာမပြောရှင်းလက်ကိုဆွဲကာ မီးဖိုချောင်ထဲသို့် ဆွဲခေါ်သွားလေသည်။
YOU ARE READING
My Shin,My Husband (Completed)
Romance(Zawgyi+Unicode) Shin Shin Couple ပြည့်စုံလျှံရှင်း+တည်ငြိမ်ရှင်းကိုကို စာ ရေးသူက အသစ်ဖြစ်လို့ ဇာတ်ကောင်နာမည်များတူနေပါကလာရောက်ပြောကြားနိုင်ပါတယ် Warning ⚠This fiction is 18+🌚🔞 အသက်မပြည့်သေးသောသူများမဖတ်ကြပါရန်သတိပေးချင်ပါသည် PS လျှံကိုလေ❌(ရှန်)...