Part 44

2.8K 77 4
                                    

Unicode
အခန်း ၄၄
ဓာတ် လှေခါးထဲမှာ လျှံနဲ့ရှင်းရယ် ရှေ့က David နဲ့ Ryanရယ်နဲ့ တစ်ခန်းလုံးက လူ၄ယောက်နဲ့သာပြည့်နေလေသည်။ ရှင်းလက်ကို တင်းတင်းဆုပ်ကိုင်ပြီး ရှင်း မျက်နှာလေးကို လက်နဲ့ပွတ်သတ်ကာ

"ကိုကိုနောက်ဆို မငိုနဲ့ကွာ။ ကြည့်ပါဦး မျက်လုံးတွေကနီရဲပြီးဖောင်းအစ်နေရော"

"ငါကရော ငိုချင်လို့ငိုတယ်များထင်နေလား။ မင်းကြောင့်လေ."

"ဟုတ်ပါတယ် မောင်မှားပါတယ်။မောင့်ကိုစိတ်ဆိုးနေသေးလား"

"......."

စိတ်ဆိုးနေသေးတယ်ဆိုတဲ့သဘောပေါ့။

ရှင်းဗိုက်နားကို ခေါင်းငုံ့ကာ

"ကလေးလေး ....ဖေဖေက ကလေးလေးရဲ့ပါးပါးကို ငိုအောင်လုပ်မိလို့ တောင်းပန်နေတာကို ပါးပါးကခွင့်မလွှတ်ဘူးတဲ့။ပါးပါးစိတ်ဆိုးပြေအောင်ဘယ်လိုလုပ်ရမလဲ ကလေးလေးက ဖေဖေ့ကိုပြောပါဦး။ဘယ်လို......ဟုတ်ပြီ"

ဘာတွေခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေတာလဲ။ ရူးနေလားမသိဘူး။

"မွမွမွ...."

ဟာ..ဘာလုပ်​နေတာလဲ။လူ တွေရှိနေတာကို ရှင်းဗိုက်ကို တမွမွ နမ်းနေလေသည်။

"လျှံ!"

"ပြွတ်စ်"

"အွန်းဘာလုပ်တာလဲ။"

"ကလေးလေးကပြောတယ် ပါးပါးကိုနမ်းလိုက်ရင် ဖေဖေ့ကိုစိတ်ဆိုးပြေလိမ့်မယ်တဲ့"

"ပေါက်ကရတွေ။ ဖယ်တော့လျှံ။ ရှေ့မှာလူတွေနဲ့လေ"

"မောင့်ကို စိတ်ဆိုးပြေပြီလား"

"လျှံ! "

"ပြွတ်စ်"

"လျှံ"

"ပြွတ်စ်"

"ဘယ်လို.. "

"ပြွတ်စ်"

"မောင်..."

"မောင့်ကိုစိတ်ဆိုးမပြေမချင်းနမ်းမှာနော်"

ရှင်း သူ့ကိုခေါင်းငြိမ့်ပြမချင်းသူကရပ်မယ့်ပုံမပေါ်ဘူး။

"အင်းပြေပြီ။ တော်တော့"

လျှံက ရှင်းမျက်နှာထံငုံ့ကိုင်းနေရာမှဖယ်ခွာလိုက်သည်။

My Shin,My Husband (Completed)Where stories live. Discover now