ပူလောင်အိုက်စက်လှတဲ့ ဂျပန်ရဲ့နွေဦးရာသီအလှကို တောင် မခံစားတတ်တဲ့ လူငယ်တစ်ယောက် ဟာ ကားပေါ်ရှိ Necktie ကို ဘယ်ညာရမ်း၍ စိတ်ရှုပ်ဟန် ဖြေလျှော့ချလိုက်လျှင်
" တီ...တီ.."
" သောက်ရေးမပါလိုက်ပုံများ ၊ အရေးကြီးပီဆို ကားက ပိတ်ပီ ၊ ရောက်ဖို့ဘယ်နမိနစ်လိုသေးလဲ "
" Meeting စဖို့ တော့ ၁ နာရီနီးပါးလိုပါသေးတယ် ၊ ဒီလိုကားပိတ်ပုံမျိုးနဲ့ Company ကိုရောက်ဖို့က နာရီဝက်လိုပါတယ် .. မှီပါတယ် အကိုလေးရဲ့ "
ကျစ် !
တစ်ချက်စုတ်သပ်၍ပင် စိတ်မရှည်ဟန်
" ပီးရင် client နဲ့တွေ့စရာရှိပါတယ် အကိုလေး "
"Meeting ပီးရင်လား "
" Hai "
" ဒယ်ဒီတို့ကကွာ..ကြိုမပြောဘူး "
" ဟို..."
" ဖျက်လိုက် "
" ခင်ဗျာ "
" ဖျက်လိုက်လို့ ပြောနေတာ မင်းနားမပါဘူးလား"
" အဲ့..အဲ့လို မရဘူးလေ အကိုလေး ၊ Boss ကကျွန်တော့ကို ဆူမှာပေါ့ "
" အဲ့ဒါငါ့အပိုင်း."
ကျွီ..ဒိန်း .....
ကားရှေ့ရှိ အရုပ်ခေါင်းစွတ်ထားသည့်လူတစ်ယောက်အား မတော်တဆဝင်တိုက်မိလိုက်လျှင်
ကျစ်...!
နောက်ကျနေပါပီ ဆိုကာမှ ပြသာနာကစပီ။
ထိုနောက် Driver က ကားပေါ်ကဆင်း၍ အရုပ်ခေါင်းစွပ်ထားတဲ့ လူဆီသိူ့ပင်
" ဒီမှာ ဗျ..အဆင်ပြေရဲ့လား မသိဘူး "
" ကားတစ်စီးလုံးနဲ့ တိုက်မိတာကို အဆင်ပြေတဲ့လူဘယ်မှာရှိလို့လဲ "
" ဟုတ်....ဆော ဆောရီး ပါဗျ "
" ငါနာနေတယ်..မင်းဘယ်လိုလုပ်ပေးမှာလဲ "
" ဗျာ "
Driver က ခေါင်းတကုပ်ကုပ်ဖြင့် စိတ်ညစ်ဟန်
ထိုစဉ် ကားပေါ်မှ Suit အပြည့် ပြောင်လတ်နေသည့် Leather shoeကို စီး၍ နက်မှောင်နေသည့် ဆံပင်အလယ်ခွဲနှင့် မျက်နှာကိုချီကာ ထိုလူရှေ့သိူ့ ခပ်တည်တည်လျှောက်လာလျှင်
YOU ARE READING
BASED ON THE HEART ( Complete )
Fanfictionမင်းနှုတ်ကစကားတွေနဲ့ ပြိုလဲတဲ့အထိတကူးတက ထိုးနှပ်နေဖို့မလိုပါဘူး ငါက သေမိန့်ကျပီးသောအမှုသည်ပါ ..