Part 11

233 24 6
                                    

တပတ်ကြာသောအခါ ,

ဂျပန်နိုင်ငံရဲ့ အလှဆုံးတစ်နေရာဖြစ်သည့် Hokkaido ရဲ့မြို့တော်တစ်ခုဖြစ်တဲ့ Sapporo နှင်းပွဲတော်သို့ ယိုရှီဟာ တစ်ယောက်ထဲ ရောက်ရှိလို့နေသည်။

စိတ်ပြေလက်ပျောက် အိမ်ကနေထွက်လာတာ ယနေ့နဲ့ဆိုလျှင် တစ်ပတ်ပြည့်လေပီဖြစ်သည်။

လူကအရင်ကထက်ပိန်သွားပေမဲ့လဲပိုလို့ကြည့်ကောင်းလာသည်။

ဆံပင်ကို ငွေရောင်ဆိုးထားပီး နားကပ်ကို နားတွင် နှစ်ခုဆက်ရက်ပန်ထားလေသည်။

Sapporo ရဲ့ နှင်းပွဲတော်ဟာ နှစ်အစရဲ့ အစောပိုင်း ဖြစ်တဲ့ February လ တွင် တစ်ပတ်တိတိကျင်းပသည့် ရိုးရာပွဲတစ်ခုဖြစ်လေသည်။

" ကိုကို... ဘေဘီလေးကို Sapporo ဘက်လိုက်ပို့ "

" သွားချင်လို့လား "

" အင်း..နှင်းပွဲတော်ဖြစ်နေပီလေ ၊ ဒီနေ့နောက်ဆုံးနေ့ ကိုကိုရဲ့ ၊ အဲ့တာကြောင့် လိုက်ပို့ပေး "

" စနေပီလား , ဟုတ်ပါပီ...ကိုကိုလိုက်ပို့ပေးမယ် "

" ပီးပီလေ ၊ ဒီနေ့နောက်ဆုံးပါဆို "

" အင်းပါ "

ဒီလိုနဲ့ လေးနာရီကြာကားမောင်းလာပီးနောက် Hotel တစ်ခုသို့ဝင်ရင် check in ဝင်လိုက်သည်။

ညနေရောက်တော့ နှင်းကျောက်တိုင်ကြီးတွေ ၊ နှင်းရုပ်ကြီးတွေ ၊ နန်းတော်သဖွယ် နှင်းများနှင့်ဖန်တီးထားသည့် အရာတွေက လှပလို့ နေသည်။

" ကိုကို..ဟိုဘက်မှာ FROZEN ထဲက Olaf လေးမလား "

" အင်း ဟုတ်မှာပေါ့ "

" ဟုတ်တယ်...ကိုကိုရဲ့ ၊ လာ .. ဘေဘီကို အဲ့တာလေးနဲ့ဓာတ်ပုံရိုက်ပေး "

" ဟုတ်ပါပီ ဗျာ "

ထိုသို ဓာတ်ပုံရိုက်ပေးနေတုန်းတွင် ကင်မရာထဲ ထူးဆန်းစွာဖြတ်လျှောက်သွားတဲ့အရိပ်လေးတစ်ခုကို ဖြတ်ခနဲတွေ့လိုက်ရသည်။

ကင်မရာပြန်ချပီး ကြည့်လိုက်ပြန်တော့ ထိုအရိပ်ကလေးဟာ မရှိတော့ပေ။

Suit ကိုမှ Long Coat အမဲအရှည်ကိုဝတ်ထားပီး မာဖလာနီညိုလေးကိူ ပတ်ထားသည့်သူတစ်ယောက် ဆံပင်ငွေရောင်လေးနှင့်ပင် ။

BASED ON THE HEART ( Complete )Where stories live. Discover now