Part 2

258 29 3
                                    

" သားငယ် "

ကားထဲမှ အမျိုးသမီးတစ်‌ယောက်ဟာ တစ်ဖတ်တစ်ချက်ရှိကောင်လေးအား ကြည့်ရင်း ညိုးငယ်သောအသံ ၊ မျက်နှာထားတို့ဖြင့် တီးတိုးကာ ကိုယ့်နားကို ကြားရုံမျှ နှုတ်က ရေရွတ်လိုက်ဟန်

သားလေး...မေ့သားလေးကို တွေ့ပီ !

မေမေ..ရင်မော‌လိုက်တာသားရယ် ၊ အသားအရည်နုလှတဲ့ဒီကောင်လေးက ဒီလိုနေရာမှာ တစ်နေကုန်မတ်တပ်ရပ်ပီး အလုပ်လုပ်နေရတာတဲ့လား.....

မေမေ့ကြောင့်.. မေမေမကောင်းလို့ အရာအားလုံးသားဆီရိုက်ခက်တာ ၊ မေမေကျတော့ကောင်းကောင်းမွန်မွန်လိုလေးသေးမရှိနေနေရပီး ဝမ်းနဲ့အနာခံ လွယ်မွေးထားရတဲ့သားလေးက ဘာလို့များးးး..

မေမေ လာရှာပါသေးတယ်သားရယ် ၊ KOBE တစ်မြိုလုံးနှံ့နေအောင်မေမေရှာတယ်လို့ပြောရင် သားလေးယုံပါ့မလား ၊

ဒီတစ်ခါတော့ မေမေ မသေခင် ရင်ဆိုင်ချင်တယ် ၊ မဟုတ်ဘူး..  မေမေ ရအောင်ခေါ်မယ် ။

" Yoon San .. ကားထဲမှာ ခဏစောင့် ၊ ကျွန်မကိစ္စလေးရှိလို့ချက်ချင်းပြန်လာမယ် ၊ ဥက္ကဌကြီးကိုလည်း‌ ပြန်မပြောပါနဲ့ "

" ဟုတ်ကဲ့ မဒမ် "

" ကျေးဇူးပါ "

တစ်ဖက်က လမ်းကျယ်ကြီးဘက်သို့ကူးလာပီး အရင်ဆုံးသစ်ပင်လေးနဲ့ ကွယ်ကာ သားလေးကိုကြည့်နေမိသေးသည်။

ပီးနောက် တဖြည်းဖြည်းနဲ့ လေးလံနဲ့ခြေလှမ်းတွေဟာ တစ်ချက်ချင်း တလှိမ့်လှိမ့်ပင် လှမ်းလျှောက်လာလျှင်

ကြောင်ရုပ်ကလေးဆောင်းထားသည့် ရှေ့တည့်တည့်သို့ ခြေစုံရပ်လိုက်သည်။

" အိုနဲစံ...ဒီစာရွက်လေး "

အမေမှန်းမသိပါပဲ..ကြည်ကြည်ဖြူဖြူဖြင့်ပေးလာသည့် လက်ကမ်းစာစောင်အဖြူလေးအား ကျစ်နေအောင်ဆုပ်ကိုင်ထားလိုက်ပြီး

ကြောင်ကလေးအား အားရပါးရဖက်လိုက်မိလျှင်

အရုပ်ခေါင်းကြောင့် သဲကွဲစွာမမြင်ရပဲ စိတ်အလိုလိုက်ကာ ထိုအမျိုးသမီးအား အခြားသူအထင်ဖြင့်ပွေ့ဖက်ပေးလိုက်ပါသေးသည်။

BASED ON THE HEART ( Complete )Where stories live. Discover now