Part 19

191 30 0
                                    

" MR: KANEMOTO "

ထိုသို့ခေါ်လိုက်တော့ ပါးဇောင်ကို ကိုင်ထားသည့်လက်အား ဖြတ်ရိုက်ချပစ်လိုက်သည်။

" ဘာ "

" အဟက်....မင်းက ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပီး ကိုယ့်ထက်စာရင် ဝါနုပါသေးတယ် "

" ဘာလို့ ကိုယ်သာလျှင်အလုပ်နိုင်ဆုံးလို့ ခင်ဗျားတတ်အပ်ပြောနိုင်ရတာလဲ .. ဒီပွဲက ခင်ဗျားရောကျွန်တော်ရောအတွက် Game Over မဖြစ်သေးဘူးလေ "

ဂျယ်ဟော့က ခဏတာပြုံးလိုက်၍

တကယ်ပြောင်းလဲ သွားတာပဲ ယိုရှီနိုရီ

ယိုရှီရဲ့ ခါးသိမ်သိမ်လေးကို ဂျယ်ဟော့က ဆွဲဖက်၍

" ကျစ် ! ဖယ်စမ်းပါ ခင်ဗျား ... အ "

" နာနေသေးဝာာလား "

" ခင်ဗျား ခံကြည့်လေ "

" နိုး.... ကိုယ်က အမြဲ ဦးဆောင်သူပဲ. ၊ ဒါကလည်း ခင်ဗျားလေး တစ်ယောက်ထဲ အတွက်ပဲ ဦးဆောင်မှာ "

နှဖူးကိုလက်ဖြင့် ဖွဖွလေးတောက်လိုက်ရင်း ဂျယ်ဟော့က ကားကို စတင်မောင်းထွက်ခဲ့သည်။

ဘာတွေလာပြောနေမှန်းမသိတဲ့ လူနားထိုင်ရသည်မှာ အနည်းငယ်‌ကျောချမ်းလာရတော့သည်။

" ယိုရှီ, မင်းအိမ်ပြ , ကိုယ်တစ်ခါထဲဝင်ပို့မယ် "

" ဟမ် .. ရတယ် နေ နေ  ၊ ဟိုနားလေးက ဘူတာနားမှာပဲ ချပေး "

" ဟင် ဘူတာနား "

" ဟုတ်တယ်လေ.. နေစမ်းပါဦး မင်းက ? "

" အိမ်ထိပို့ပေး ချင်လို့ "

" ဒီမှာ ယွန်းဂျယ်ဟော့ ၊ မင်းငါ့ဆီက ဘာတွေထပ်မျှော်လင့်နေလဲတော့ ငါမသိဘူး ၊ ဒါပေမဲ့ တစ်ချိန်က မင်းကိုအသည်းအသန်ဖြစ်ခဲ့ကောင်က သေပီ "

" အင်း...သေလေ "

" ဒီမှာ ငါစကားအကောင်းပြောနေတာ "

" ကိုယ်လဲ စကားအကောင်းပြောနေတာပဲလေ Jaden "

" မင်းငါ့အကြောင်း ဘယ်လောက်သိထားသလဲ ယွန်းဂျယ်ဟော့ "

" အများကြီးတော့မဟုတ်ပါဘူး ၊ အိမ်တော်ထိန်းနဲ့ ခင်ဗျား ပြောနေတာလောက်ပါပဲ "

BASED ON THE HEART ( Complete )Where stories live. Discover now