ပြန်လမ်းမရှိတဲ့ ကျိန်စာတစ်ခုကို မိနေသလို အဆိပ်ခက်ခံထားရတဲ့ ကျွန်တော်က ဘယ်ဘုံစံပါလိမ့်မလဲ ခင်ဗျားရာ !
စီးကရက်လေးကို ဖွာနေရင်း ပြတင်းပေါက်နေ အိမ်တံခါးမကြီးစီသို့ငေးလိုက်မိရင်း
အမြင်မတင့်တယ်သည့်မြင်ကွင်းတစ်ခု...
ကောင်မလေး လက်ကိုချိတ်၍ ယွန်းဂျယ်ဟော့တစ်ယောက် အိမ်ထဲဝင်လာလိုက်လျှင်
" ဒယ်ဒီ....ဒယ်ဒီ "
အသံကုန်ဟစ်အော်သော်ငြားလည်း ဒယ်ဒီထွက်မလာပဲ ယိုရှီနှင့် သူ၏မိထွေးထွက်လာတာကိုသာတွေ့ရသည်။
သို့သော်... မိန်းကလေးလက်ချိတ်ရင်း အိမ်ပေါ်တက်လုဆဲဆဲ ယိုရှီက လှမ်းတားလိုကါတော့သည်။
" မတက်နဲ့...ရပ်နေ "
"ဘာလဲ...ဘယ်သူ့အမိန့်နဲ့လဲ "
မှုန်ကုပ်သောအကြည့်တို့က ဆိုက်ရောက်လာ၍
" ငါ့အမိန့်...မင်းကတရားဝင်ငါ့ယောက်ျား "
" အဟက်...မဏ္ဍန်းတိုင် တက်ပြနေပါလား ယိုရှီနိုရီ "
" အိမ်ပေါ်ထိ ခေါ်လာတာကတော့မင်းလွန်တယ်လေ "
" ဘာ.. ခွက် "
ယိုရှီမျက်နှာအားတစ်ချက်ထိုးပီး လည်ပင်းကော်လန်စအား ဆောင့်ဆွဲကာ ထစေသည်။
" ဟဲ့...သားတို."
" ခင်ဗျား သောက်ပေါက်ကိုပိတ်ထား .. သားလို့လာမခေါ်နဲ့... "
" ဘာ..မင်း ငါ့ ငါ့အမေကို အဲ့လောက်ထိ ရိုင်းစိုင်းမှ ဖြစ်မှာလား ဟမ် "
" အင်း... စိတ်ရှိတိုင်းသာဆိူ သတ်ပစ်ချင်တာကွာ ရှင်းလား "
" ဖယ်...ငါ့ကိုလွှတ် "
ထိုသို့ပြောလာတော့ ဂျယ်ဟော့တစ်ယောက် ယိုရှီ့အားဆောင့်ဆွဲ၍ ကြမ်းပြင်ပေါ်သို့တွနိးချပစ်လိုက်တော့သည်။
" ဟဲ့..သားရယ် ဘယ်လိုလုပ်လိုက်တာလဲ "
" မင်း တက်သွား... ရတယ် ၊ ငါမင်းနဲ့ကွာမယ် ၊ မင်းလိုမသန့်တဲ့ကောင်နဲ့လဲ တကုတင်ထဲမအိပ်နိုင်ဘူး "
" အဟက်...ပိုတောင်ကြိုက်သေးတယ် "
" မေမေ...ကျွန်တော့်ကို အခန်းခွဲပေးပါ "
YOU ARE READING
BASED ON THE HEART ( Complete )
Fanfictionမင်းနှုတ်ကစကားတွေနဲ့ ပြိုလဲတဲ့အထိတကူးတက ထိုးနှပ်နေဖို့မလိုပါဘူး ငါက သေမိန့်ကျပီးသောအမှုသည်ပါ ..