Part 12

272 31 6
                                    

" မောင်တို့  ပိုနီးစပ်ဖို့ မတူညီတဲ့
ရင်ခုန်သံနှစ်ခုကို Tempo ညှိကြည့်ရအောင် "

" မောင် " ဆိုသည့် နာမ်စားလေးကြောင့် ခဏတာမင်သက်သွားသူမှာ ရူတို့မျက်ဝန်းတို့အားဆုံကြည့်၍ ဇလုတ်တစ်ချက်လှုပ်လိုက်မိသည်။

" မောင်တောင်ဘာမှမပြောရသေးဘူး ၊ ချစ်လေးက နမ်းချင်နေပီလား "

ဂယူမျက်နှာကိုကျော်လွန်က နံရံကို တံတောင်နဲ့ထောက်ထားပီး ဂယူ့အားရိသဲ့သဲ့စကားကို စတင်လိုက်သည်။

ထိုအခါမှ လက်နှစ်ဖက်နှင့် ရူတို့ရင်ဘက်အား တွန်းထုတ်လိုက်တော့သည်။

နီမြန်းသွားတဲ့ မျက်နှာပြင်တစ်ခုလုံးဟာ ဟန်ဆောင်မှာကိုမထိန်းနိုင်သည့်အလားရှက်၍ ချွေးတွေပြန်လာသည်။

" မင်းစည်းမကျော်နဲ့ ဟာရူတို "

" ဘာကိုလဲ "

" ဟုတ်တယ်လေ ၊ မင်းက ငါ့ကို ရည်းစားစကားတောင်မပြောရသေးပဲ ဘာလို့ အဲ့လိုမျိုးတွေ "

ပါးမို့လေး မို့တက်သွားသည်အထိ နှုတ်ခမ်းလေးဆူထော်ကာ ပြောဆို‌နေသည့် ထိုနှုတ်ခမ်းလေးအား သူအသည်းမယားပဲ မနေနိုင်တော့ပါ ။

" ပြွတ် "

" အ.. ဘာလုပ်တာလဲ ၊ မင်းနော် ငါအဲ့လောက်လွယ်မနေဘူး "

" ချစ်တယ် "

" ဟမ် "

" မောင် ခင်ဗျားလေးကို နင့်နေအောင်ချစ်ရပါတယ် မောင့်ဂယူ  "

"......"

" မောင့် ကို ဘယ်တုန်းကစလို့ ချစ်ခဲ့သလဲမေးမလို့မလား "

ပြောလည်းပြောရင်း ဂယူကို ရင်ခွင်ထဲသိူ့သိမ်းကျုံးဖတ်စေသည်။

" ဟင်..ဆိုင်လို့လား "

" မဆိုင်လဲ ငြိမ်ငြိမ်လေးနေ.... မောင်ပြောပြနေတဲ့စကားတွေက်ုမယုံရင်တောင် မောင့်ရင်ခုန်သံလေးကိုတော့ ဒီကအချစ်လေးကိုကြားစေချင်တယ် "

ထိုအခါ မှ ဂယူက ရူတို့ရင်ထဲလို့ မျက်စံလေးပြူကာ ကျုံ့ကျုံ့လေးပါသွားသည်။

" ချစ်လေးက မောင့်အတွက် အစားထိုးခံ သက်သပ်မဟုတ်ပါဘူး ၊ အချစ်က တကယ်ဆန်းကြယ်တယ်သိလား "

BASED ON THE HEART ( Complete )Where stories live. Discover now