Part 21

239 30 1
                                    

ပဠာန်းဆက်ကြောင့်သာ အမြဲတွေ့နေရတဲ့ ဒီမျက်နှာကို သူတကယ်မမြင်ချင်တော့ပေ။

ဟုတ်ပါလိမ့်မယ် ၊ မင်း သိပ်ချစ်ခဲ့ပါတယ်ဆိုတဲ့ အဖြေမျိုးကို ကြားခဲ့ဖူးပါတယ် ၊ ဒါပေမဲ့ အဲ့ဒါက တဒင်ဂ အတွင်း မင်း အတွက် သာယာမှုမျိုးလဲဖြစ်နိုင်တာပဲလေ ။

ထိုလူကိုမြင်လိုက်တိုင်း ရင်ဘက်ထဲ ဓားနဲ့မွှန်းခံရသလို နာကျင်ရလွန်းလို့ အသက်ရှုကြပ်မတတ်ပင် ။

ဒယ်ဒီသေခဲ့တယ်ဆိုတာ ကိုယ့်ပယောဂမပါဘူး

Company ကို မောင်ပိုင်စီးချင်းလို့မှ မဟုတ်ပဲ ။

မင်းအတွက် ထပ်ပီး စတေးခဲ့ရတာ မင်းမှ မသိပဲ

မေမေ့ကို သိပ်ချစ်လို့ ကျေးဇူးရှိခဲ့လို့ ငါထပ်ပီး အလဲ အထပ်လုပ်ခဲ့တယ် ။

ဒီတစ်ခါတော့ ငါ့နှလုံးသားပေါ့ကွာ ။

မင်းထင်သလို ငါက ငွေမက်တဲ့သူမဟုတ်ဘူး ။

မင်းလို မောက်မာတဲ့သူကို မေမေက လမ်းတည့်ပေးဖို့အတွက် ငါ့ဆီက ထပ်ပီး အကူညီတောင်းခံခဲ့ဖူးတယ်။

ဘာလို့ မင်းတို့ ရေးတဲ့ဇာတ်ညွှန်းမှာ ငါက အလိုလို ဇာတ်ပို့ဖြစ်နေရတာလဲ ။

ဘာလို့ မင်းတို့ခင်းတဲ့ ဇာတ်ခုံပေါ်မှာ ငါက ဘာဝဋ်ကြွေးရှိလို့ က နေရတုန်းလဲ ။

ဇာတ်ဆရာအလိုကျ‌ ငါဟာ ပေးဆပ်ပီးပီ ထင်တာပဲ ၊ ဘာလို့ ငါရှိနေတဲ့နေရာမှာ မင်းတို့က ရှိနေရသလဲ ၊

ဇာတ်ဆောင်ကောင်းဖို့အတွက် ဇာတ်ပို့လိုနေရတဲ့ ငါက မင်းတို့က်ု ဒီ့ထက် ဒီထက် ဘာတွေပေးဆပ်ဖို့လို နေသေးတာလဲ ။

မင်းကို မချစ်မိသေးတဲ့ လွန်ခဲ့တဲ့ ငါးနှစ်နီးပါးကို ငါပြန်သွားချင်မိတယ် ။

မနက်ဖန်မနက် Flight နဲ့ Tokyo မှာရှိတဲ့ Haruto နဲ့ Junkyu ဆီ အလည်သွားဖို့ ဘီရိုထဲက အဝတ်အစား တစ်ချို့က်ု လက်ကေ့ထဲကောက်ထည့်နေလေသည်။

ထိုနောက် လိုအပ်သည့်အရာများကို ဝယ်ရန် အပြင်သို့ခဏထွက်လာချိန်

" အကို "

သူ၏လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Mr: Santo ကိုလှမ်းခေါ်လိုက်၏

BASED ON THE HEART ( Complete )Where stories live. Discover now