" ဘာ.... ခင်ဗျား ဘာပြောတယ်ကိုကို ... သူ့ကို သူ့ကို ကျွန်တော့ Condo မှာထား...ဟုတ်လား "
" အင်း...ငါ့ဆီမှာ ထားဖို့ကျတော့လဲ..."
" တော်တော့ ထပ်မပြောနဲ့တော့ ... ကျွန်တော်လက်မခံနိုင်ဘူး "
Ruto ရဲ့လက်ကလေးအား နွေးထွေးစွာဆုပ်ကိူင်လာရင်း
" ကိုကို ကလေ... ဒီလိုလက်အုပ်လေးချီပီးတောင်းဆိုတာပါကွာ "
" ကိုကို..ခင်ဗျား ဗျာ ... ဘာလို့ အဲ့လောက်တောင်မှ ... "
" ငါနဲ့ ဘဝတူမို့လို့ကွာ... "
ထိုစကားအဆုံးမှာ Haruto တစ်ယောက် ရဲ့နှုတ်ခမ်း မှ စကားတစ်လုံးမှ ထွက်မလာတော့ပဲ ယိုရှီ့ရဲ့ လှပတဲ့မျက်ဝန်းတွေအားစူးစိုက်ကြည့်နေမိတော့သည်။
ကိုကိုဘာကြောင့် တစ်ဖက်သားကို ဒီလောက်စေတနာထား နေရသလဲဆိုတာ ရူတိုအခုမှ သဘောပေါက်သည်။
ကိုကိုနဲ့ စရင်းနှီးကာစဟာလဲ သည်လိုပုံစံမျိူးလေးပင် ။
လွန်ခဲ့တဲ့တစ်နှစ်ကပေါ့---------
ကျွီ......ဒုန်းးး
" တောက်.... $ လုံးမပါဘူးလား ခင်ဗျား "
ချက်ချင်း ရူတိုဟာကားပေါ်ကဆင်းပီး သူ့ရှေ့ပြေးဝင်လာသည့်အခါ ပစ်လဲသွားသည့်ကောင်လေးရဲ့ ကော်လံမှ ဆွဲကိုင်ရင်း
ခက်ထန်သည့်အကြည့်နှင့်ကြည့်လာသည်။
ထိုသူဟာ..ကိုကို...
လက်ထဲမှာလဲ ကိုင်ဆောင်လာသည့် နှင်းဆီပန်းများဟာလဲ ပွင့်ဖက်တွေဟာ တစ်စစီ ပြုတ်ထွက် ပဲ့ကြွေ ကုန်သည်။
ဆောင့်ဆွဲထားတဲ့ ကော်လံမှ တစ်ဆင့် အကြည့်ချင်းဆုံလိုက်တဲ့အခါ ကြာကြာမဆုံနိုင်သည့် တောက်ပရွှန်းလဲ့လှသည့် မျက်ဝန်းတို့က အကြောက်အကန်မဲ့စွာ အားငယ်သောအကြည့်နှင့်စိုက်ကြည့်လာသည်။
ညို့ယူနေသည့်အလား ထိုမျက်ဝန်းတွေရှေ့ ခြေစုံရပ်ကာ ကြည့်နေရတဲ့သူအဖို့ ခြေထောက်တွေဟာ မခိုင်ချင်တော့ပေ။
Madusa လို ညို့ဓာတ်ပြင်းတဲ့ ကိုကို့ က ဤ အချိန်ကစပီး သူ့ရဲ့ နှလုံးသားရဲ့တစ်ထောင့်တစ်နေရာမှာနေရာယူခဲ့လေပြီ ဖြစ်သည်။
YOU ARE READING
BASED ON THE HEART ( Complete )
Fanfictionမင်းနှုတ်ကစကားတွေနဲ့ ပြိုလဲတဲ့အထိတကူးတက ထိုးနှပ်နေဖို့မလိုပါဘူး ငါက သေမိန့်ကျပီးသောအမှုသည်ပါ ..