Part 6

199 26 3
                                    

သုံးရက်ကြာသည်အထိ ဟာရူတို တစ်ယောက် လမ်းပျောက်နေဆဲပင် ၊ ဆိုင်ကိုလည်းပိတ်ထား၍
ကိုကို့မျက်နှာမမြင်ချင်တာကြောင့် ခြေဦးတောင်မလှည့်ခဲ့ပေ။

မလွန်ဆန်နိုင်တဲ့ အချစ်ရဲ့ အစေအပါးတစ်ကောင်လို ... မိုက်ရူးရဲဆန်စွာ ကိုကို့အတွက် ကျွန်တော့နှလုံးသား တံခါးကိုဖွင့်ဟထားမိတယ်.....

ဘာလဲ....ဘာကြောင့်လဲ ? ကိုကိုရွေးချယ်တဲ့သူက ကျွန်တော် မဖြစ်ရတာလဲ.... ?

အတိတ်တွေက သိပ်ကိုလှပတယ်...!

အခုပစ္စုပန်ဟာ သိပ်ကိုအကျည်းတန်တယ်..!

အနာဂတ်ဟာ လုံးဝမမြင်ရတော့ဘူး !

ကိုကိုနဲ့ တွေ့ဆုံခဲ့တဲ့နေ့ကို ပြန်သွားပြီး ဖွင့်ပြောလိုက်ရင်ကောင်းသား... အခုတော့ ?

အခန်းထဲ ဘီယာဗူးတွေရောအရက်ဗူးတွေရော ကုတ်ခြေရင်းဘက် ပွစာကျဲလို့ပင် ။

ထိုစဉ်

" တီ တီ တီ "

Phone contact ကိုကြည့်လိုက်တော့ သိပ်ချစ်ရတဲ့ ကိုကို...

ဖုန်းကို ချက်ချင်း မှောက်ချလိုက်၍ Volker ကို ပုလင်းလိုက်မော့ချလိုက်ချိန်

မျက်နှာတစ်ပြင်လုံးနီရဲ၍ မျက်ရည်တွေရောချွေးတွေပါမကျန် စိုရွှဲလို့နေသည်။

မေ့ပစ်ချင်တယ်......

မေမေနဲ့ ဖေဖေ ၊ ‌မမ ရော သုံးယောက်လုံးက ကျွန်တော့်က်ုထား ပီး‌ လောကကြီးကနေ အပီးထွက်သွားတယ် .

အခု ကျွန်တော်သိပ်ချစ်ရတဲ့ ကိုကိုရောပဲ ။

ကျွန်တော်လိုချင်တာ ပစ္စည်းဥစ္စာ ဘာတစ်ခုမှမဟုတ်ဘူး ၊ အချစ်တွေမေတ္တာ‌ လိုချင်တာ ဘယ်သူမှ မပေးကြဘူး !

ပီးနောက်....

လှေကားအောက်သို ဟာရူတိုတစ်ယောက်အသိစိတ်ပျောက်ပီး ယိုင်တိုင်တိုင် ဆင်းလာလျှင်
ဧည့်ခန်းရှိ... ထိုင်၍ ဖုန်းနှိပ်နေသည့် ဂျွန်းဂယူအားသွား‌တွေ့သည်။

ထိုအခါ ဂယူ့မျက်လုံးတွေက ဟာရူတိုစီအကြည့်ရောက်၍ ချက်ချင်းပြေးထလာသည်။

" ရူတို.. ဆိုင်သွားမလို့လား "

" ခင်ဗျား ကျုပ်ရှေ့ကဖယ် "

BASED ON THE HEART ( Complete )Where stories live. Discover now