ရေချိုးခန်းက အထွက် Bathrobe ကိုပတ်ကာ အောက်ထပ်ဆင်းလာ၍ Dinner Room door ကို တစ်ချက်ဆောင့်ဖွင့်လိုက်သည် ။
" ဒုန်း..အုန်း "
ထိုအခါမှ ဟင်းချက်နေသည့် မအေဖြစ်သူကာလန့်၍ ဒီဘက်လှည့်လာလိုက်လျှင်
" မနေ့က မနက်က ဘယ်သွားတာလဲ "
အစမရှိအဆုံးမရှိ သားဖြစ်သူဝင်လာတော့ အလန့်တကြားလှည့်ကြည့်လာသည်။
" သား ... "
" ဘာလဲ... ယိုရှီ့ကို ခင်ဗျားဘယ်မှာဖွက်ထဲသလဲ "
" မေမေ မသိဘူး ... "
မသိဘူးသာပြောနေသော်လည်း အမူအရာဟာ ထိန်းမရစွာ
" မဖွက်ဘူး ... မသိလဲ မသိဘူး ၊ အဆက်သွယ်လဲမရဘူး ၊ ထမင်းစားတော့မလား မေမေခူးလိုက်မယ် "
" ခင်ဗျား စကားလမ်းကြောင်းမလွှဲစမ်းနဲ့ ၊ ကျူပ်မေးတာကိုပဲဖြေပေး ၊ ဒယ်ဒီမူးလဲနေချိန် ခင်ဗျား အထက်ပိုင်းကိုတက်သွားတယ်ဆို ၊ ဘယ်သွားတာလဲ "
" ဒါမေမေ့ကိစ္စပါ.. သားကဘာလို့သိချင်တာလဲ"
" အဟက်... သူရှိတဲ့နေရာကို ခင်ဗျား သိတာ ကျုပ်သိနေတယ်ဆိုရင်ရော "
ဂျယ်ဟော့အမေမှာ ဟန်မဆောင်နိုင်ရုပ်ပျက်ဆင်းပျက်ဖြင့် မသိသလိုဟိုဘက်လှည့်လိုက်လျှင် ဂျယ်ဟော့ကပြန်၍ ပုခုံးကို ဆွဲလှည့်ကာကျစ်ကျစ်ပါအောင်ဆုပ်က်ုင်ထားသည်။
" အ..."
" ခွက် "
ယွန်းဂျယ်ဟော့ထံကျရောက်လာသည့် လက်သီးတစ်ချက်ကြောင့်မြေပြင်ပေါ်သို့ပစ်လဲကာ နှုတ်ခမ်းမှ သွေးကိူ အနည်းငယ် ပွတ်သပ်လိုက်လျှင်
" ဟျောင့်..မင်းအမေကို ဒိလိုကိုယ်ထိလက်ရောက်လုပ်တဲ့$ချိုးတွေဘယ်တော့ရပ်မှာလဲ... သေမှ ရပ်မှာလား "
" မပြောပါနဲ့...ကျွန်မသားကို ၊ ထားလိုက် သူကြိုက်သလိုလုပ်ပါစေ ကျွန်မခံမယ် ၊ အကိုအဲ့လိုတွေကလေးကိုမထိုးပါနဲ့ ကျွန်မရင်နာပီး သေလိမ့်မယ် "
" အဟက်...အပိုတွေ "
" ကဲ.. အကို ခဏလောက်ရှောင်ပေးပါ ၊ သားနဲ့စကားပြောချင်လို့ "

YOU ARE READING
BASED ON THE HEART ( Complete )
Fanfictionမင်းနှုတ်ကစကားတွေနဲ့ ပြိုလဲတဲ့အထိတကူးတက ထိုးနှပ်နေဖို့မလိုပါဘူး ငါက သေမိန့်ကျပီးသောအမှုသည်ပါ ..