ရာသီတွေ တဖြည်းဖြည်းပြောင်းရွှေ့လာတာနဲ့ အမျှ ဆာကူရာပန်းတွေဟာလဲ ရွက်ဟောင်းကြွေလို့ ရွက်သစ်တွေဝေနေလေပြီ။
ယွန်းဂျယ်ဟော့တစ်ယောက် ယိုရှီ့ကို ဘယ်ရာထူးဖြင့်အလုပ်ခန့်အပ်ကြောင်း ပြောပြီး နောက် အရင်နေ့တွေကထက် company ကိုလာရသည်မှာစိတ်ပျော်ရွှင်သည့် မျက်နှာဘေးနှင့်ပင်။
" BOSS... ဒီနေ့ပျော်စရာရှိလို့လား "
" မင်း ငါ့တပည့်လို့မပြောရဘူး...တော်တယ် "
" ဒါနဲ့... Boss နဲ့ အပြိုင် Company တစ်ခုဖြစ်တဲ့ KY Company လေ သိလား "
" အင်း... "
" အဲ့ဘက်က CEO က လူလုံးမပြပဲ ၊ ဒီဘက် ကို ဘာဖြစ်စေချင်နေလဲ မသိဘူး Boss "
သူသိပ်သိတာပေါ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ထဲက ကို့ ဘက်က ရှယ်ယာ သုံးပုံပုံရင် နှစ်ပုံလောက်ဝင်ထားတာလေ ။ မသိစရာမှမရှိပဲ ၊
အဲ့ဒီ့ဘက်က ဥက္ကဌက ဘယ်တော့မှ ကို့ကို အလုပ်ကိစ္စနဲ့ပတ်သတ်ပီး လာမတွေ့ဘူး။
Furniture Design တွေလဲ ကို့စီက တစ်ချို့တစ်တက် ခိုးတယ် ၊ ဒါတွေက ကိုယ် သူနဲ့ ထိပ်တိုက်ရှင်းရမဲ့အရာတွေ ၊ ဖြစ်နိုင်ရင် Design ခိုးမှုဖြင့်တရားပါဆွဲလို့ရသည်။
Local သာမက Global ထိ ထိုးဖောက်နိုင်တဲ့ Furniture Design တွေကို သူက လွယ်လွယ်ခိုးယူရတယ်လို့ ။
အခုလဲ ကို့ Company မှာ ရှယ်ယာတွေစွတ်ထည့်ပီး သူက အပိုင်စီးချင်နေသည့်ပုံ... အဟက်
" အဲ့တော့ Boss.... ဘာဆက်လုပ်မလဲ "
" ထားပါ အဲ့ကိစ္စ ၊ ငါ့အတွက် ပမွှားပါ ၊ ကိုယ့်ဘာသာကိုရှင်းမယ် ၊ မင်း , သွားလို့ ရပီ ၊ ငါ့အတွင်းရေးမှူလာတော့ မယ် "
" Hai ... Boss "
ထိုစဉ်
" ကျွီ "
ဂျယ်ဟော့ ရုံးခန်းတံခါးကို ဖွင့်၍ ယိုရှီနိုရီ ဝင်လာလိုက်လျှင်
" လာလေ....ထိုင် "
" မထိုင်ဘူး...ငါအလုပ်လုပ်ဖို့လာတာ "
" ဟင်... ခင်ဗျားအလုပ်လုပ် ဖို့လာတဲ့အချိန်ကလဲ ညနေတောင်စောင်းနေပီ "
![](https://img.wattpad.com/cover/356182874-288-k60438.jpg)
YOU ARE READING
BASED ON THE HEART ( Complete )
Fanfictionမင်းနှုတ်ကစကားတွေနဲ့ ပြိုလဲတဲ့အထိတကူးတက ထိုးနှပ်နေဖို့မလိုပါဘူး ငါက သေမိန့်ကျပီးသောအမှုသည်ပါ ..