Part 5

236 29 5
                                    

ဧည့်ခန်းထဲသို့ စိတ်ပျက်လက်ပျက်နဲ့မှိုင်ထွေပီးဆင်းလာသည့် ယွန်းဂျယ်ဟော့အား

အဖေဖြစ်သူမှ ခက်ထန်စွာကြည့်‌လိုက်လျှင်

" ဒီမှာထိုင်နေတဲ့သူအားလုံးက မင်းထက်ကြီးတဲ့သူတွေချည်းပဲ... မင်းအလာထိုင်စောင့်နေရတာဖြစ်သင့်လား "

" အဲ့တာ‌တွေကျွန်တော်မသိဘူး "

" ဘာကွ "

" အ အကိုရယ် စိတ်ထိန်းမှာ ၊ သားငယ်ကိုသေချာပြောလဲ ရနေတာ "

" ခင်ဗျားပါးစပ်ကို ပိတ်ထား .. ဘယ်သူက ခင်ဗျားသားလဲ....ကျုပ်ကို အဲ့လိုမခေါ်နဲ့ "

" ဟိတ်ကောင် မင်းမရိုင်းလာနဲ့ .. "

" အခု အဖေပြောချင်တာဘာလဲ ? ကျွန်တော်မအားဘူး Client နဲ့တွေ့စရာရှ်ိတယ် "

" မင်း..ယိုရှီ့ကို လက်ထပ်ရမယ် "

" အဟက် ... အဖေနောက်နေတာမလား , ယိုရှီ ခင်ဗျားဝင်ပြောဦးလေ .. "

" ကျွန်တော် လက်ထပ်ပါမယ်.. ဦး "

" ဘာ... မင်း....မင်းတို့ သားအမိနှစ်ယောက်က ဘာလဲ $ ဆံကိုမက်ရုံလောက်နဲ့ ကျုပ်တို့ သားအဖကို အပိုင်ကိုင်ချင်တာ အသိသာကြီး "

ယိုရှီ့ကို မျက်နှာချင်းဆိုင်ကြည့်ပီးပြောနေသော်လဲ ယိုရှီဟာ လုံးဝဂရုမစိုက်ပေ။

" ခင်ဗျား...ခင်ဗျား ထင်ထားတာထက်ကိုအကြံပတ်စက်တာပဲ "

" မင်းပါးစပ်က်ု ပိတ်ထား ယွန်းဂျယ်ဟော့ ၊ ဒီမှာ လက်မှတ်ထိုး "

သူ့ရှေ့ကစာချုပ်ကို မြင်တော့ ဂျယ်ဟော့တစ်ယောက် မချိပြုံးပြူံးလိုက်လျှင်

" အဟက်...မအံ့ဩတော့ပါဘူး ၊ စာချုပ်ပါ ပြင်ဆင်ထားပုံထောက်ရင် လုပ်ဇာတ်ကြီးဆိုတာသိသာနေပီပဲကို "

" လက်မှတ်ထိုး..."

" ကျုပ်နဲ့ လက်ထပ်လို့ ခင်ဗျားပျော်ရွှင်ရမယ်ထင်ရင် ရှေ့ဆက်တိုးလိုက် "

ယိုရှီက ဘာမျှတွေးမနေပဲ လက်မှတ်ထိုးလိုက်တော့သည်။

" ယွန်းဂျယ်ဟော့ ... မင်းပဲကျန်တော့တယ် "

" ဒီတိုင်းမရဘူးအဖေ .... အခု YJ Company ကို ကျွန်တော့်ကိုလွှဲပေး "

" ဘာ "

BASED ON THE HEART ( Complete )Where stories live. Discover now