Part 4

215 25 5
                                    

ယွန်းဂျယ်ဟော့တစ်ယောက် ခြေဦးတည့်ရာသို့ လျှောက်သွားလေရာ ယနေ့နဲ့ဆို တစ်ပတ်တိုင်တိုင်ရှိခဲ့လေသည်။

ဖေဖေ့အချစ်တွေကို အဲ့ဒီမိန်းမကြီးသာမက သားဖြစ်သူကပါ ယူသွားတော့ သူ့အတွက် ဘာကျန်တော့မှာတဲ့လဲ ။

မေမေ... ကျွန်တော်လေ မေမေ့နောက်ကိုလိုက်လာချင်လိုက်တာ ၊ ကျွန်တော်မပျော်ဘူး‌ဗျာ

လောကမှာ အပြောင်းအလဲ သိပ်မြန်တဲ့ လူတွေရဲ့စိတ်ကို အကြောက်ဆုံးပဲ ၊

ကျွန်တော်မလုံခြုံသလိုခံစားရတယ်။

ကျွန်တော် သိပ်ကြောက်တယ် မေမေ !

တစ်နေ့ ဒီလူသားလေး‌ကို ချစ်မြတ်နိုးလှတဲ့ မေမေဟာ ... သူ့လက်ကိုဆုပ်ကိုင်ထားရင်း အသက်ရှုရပ်သွားခဲ့သည်။

ဟုတ်တယ်... မေမေက သွေးကင်ဆာ နောက်ဆုံးအဆင့် , ကျွန်တော်ငယ်ငယ်လေးနဲ့ ဒီဝေ‌ဒနာကိုလွန့်လွန့်လူးလူးနဲ့ကိုကြိတ်ခံစားခဲ့တာ ။

မေ‌မေ့ဇာပနပွဲ အပီး..ဖေဖေက အလုပ်ကိစ္စကိုအကြောင်းပြကာ KOBE ကနေ မိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာသတဲ့လေ

ဤမိန်းမ...ထိုမိန်းမ .. အခုကျုပ်မုန်းနေတဲ့ ကျုပ်မိထွေးပဲ။

သိပ်မုန်းတယ်.... ပွဲလန့်တုန်းဖျာခင်းတတ်တဲ့သူတိုင်းကို ရွံတယ်။

လောကကြီးက မတရားလိုက်ပုံများ ...

သူတို့နာကျင်ရတာတော့ သိတတ်ကြပီး

ရင်ထဲက ရှရာတွေ အက်ကြောင်းထပ်နေတဲ့
ကျွန်တော့် ဒဏ်ရာကိုကြတော့ ဘယ်သူကမြင်ကြလို့လဲ ?

ရောက်တက်ရာရာသို့ သွားရင်း Bar ကိုသာ ရောက်လာခဲ့တော့သည်။

မိုးတွေကလဲရွာလုစဲစဲ အုပ်မှိုင်းလျှက်ပင်

" တစ်ခွက်...ပြင်းပြင်းလေး "

"ယွန်းဂျယ်ဟော့ "

မော့ကြည့်လိုက်တော့ ညတိုင်းအလုပ်လာလုပ်နေကြဖြစ်တဲ့ Bartender ကကောင်လေး ယိုရှီနိုရီပင်

" ငါပြောတာကြားလား "

" အင်း "

" ကြားရင်း $ စကားမများနဲ့ "

BASED ON THE HEART ( Complete )Where stories live. Discover now