Part 16

220 26 6
                                    

လွန်ခဲ့တဲ့ ၂ နှစ်က ,

Emergency Room ရဲ့တစ်နေရာ လူတစ်ယောက်က ခွဲစိတ်ခံရန်စောင့်နေသည်။

" ခင်ဗျား..သေချာပီလား "

" သေချာတယ် Doctor, ကျွန်တော့် ကျောက်ကပ်ကပျက်စီးနေပီမို့လို့ သေမဲ့အတူတူ ၊ကျန်တဲ့အစိတ်အပိုင်းတွေကို သားနိုရီဆီလှူချင်ပါတယ် "

" ခင်ဗျား ကင်ဆာဆဲလ်က ? ၊ ဟုတ်တော့ဟုတ်ပါတယ်လေ ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ၊ခင်ဗျားအသက်ကိုလဲ ကယ်မှာပါ "

' ဟို...သားနိုရီလေးက ? "

" သူ မသေပါဘူး... မျောနေတာပါ ၊ ဒါကို ခင်ဗျားတို့အိမ်ကကောင်လေးက မသိပဲ အော်ငိုနေတာ
တားလို့လဲမရသလို ဘာမျှလဲ စကားလက်ခံပြောလို့‌မရဘူး "

ထိုအခါမှ ပြုံး၍ အိမ်တော်ထိန်းက အလွန်တရာမှ ပျော်ရွှင်သွား၍ အားတက်သရော သည်မိသားစုကို တတ်နိုင်တဲ့ဘက်က ကူညီချင်တယ် ။

အော် ... ၆နှစ်တာ သံယောဇဉ် !

" ဒါပေမဲ့ ကျွန်တော့ဘက်က တစ်ခုလောက်အကူညီတောင်းချင်တယ် "

" ဘာများလဲ "

" သား နိုရီကို သေလူလို လုပ်ပေးပါ "

" ဗျာ "

" ကူညီပါ...‌အကြောင်းရှိလို့ပါ "

" ခင်ဗျား တို့ကလဲဗျာ ... ကယ်နိုင်ရဲ့သားနဲ့ပေးသေရင် ကျုပ်နာမည်ပျက်မှာပေါ့ "

" မပျက်စေရပါဘူး.... ကျုပ်တာဝန်ယူတယ် "

ထိုသို့ပြောလိုက်တော့ ဆရာဝန်ကြီးဟာ Nurse တွေက်ု ခေါ်ပီး ယိုရှီ့က်ုသွားခေါ်ဖို့လုပ်တော့  လူနာရှင်က ထိုကောင်လေးအား သေပီအထင်နဲ့အားပါးရဖတ်ငိုလေသည်။

အိမ်တော်ထိန်းပြောသလို အကူညီက တကယ်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ် အကြုံးဝင်သွားတော့သည်။

ကောင်လေးက ငိုလို့ဝသွားတော့ ကျွန်တော်တို့ခဏသူ့ကို ဖယ်လိုက်ကာ ယိုရှီ့အား ဖြူစွတ်လှသည့်ပိတ်ဖြူနှင့်အုပ်ချပီး အခန်းထဲက သေလူလိုပုံစံ ခေါ်ဆောင်သွားခဲ့ရသည်။

ခွင့်ပြုပါ !

" မောင့်ကလေးလေး...ခေါ်မသွားကြပါနဲ့ "

BASED ON THE HEART ( Complete )Where stories live. Discover now