Part 10

226 29 0
                                    

ကယ်သူမဲ့နေတဲ့ နှလုံးသားဟာ တစ်ဆစ်ဆစ်နာကျင်ရလွန်းလို့ ဖြစ်နိုင်ရင် ဓားနဲ့ခွဲပီး ဖောက်ထုတ်ပစ်လိုက်ချင်မိတယ် ။

အခွင့်အရေး...?

အဟက်.. ငါကိုက ရူးသွပ်တာ ၊ $ မှတ်မရှိနှစ်ခါ ရူးခဲ့မိတော့ အခု နှစ်ထပ်ကွင်း နာကျင်မှုကိုရခဲ့တာပါပဲ ။

ပျော်စရာမရှိတော့တဲ့လူတစ်ယောက်လို ပြုမူရင်း မျက်နှာတပြင်လုံး မျက်ရည်တွေနဲ့ မိုးရေတွေရောယှက်ကာဖုံးလွှမ်းလို့နေသည်။

Bar ကိုတောင်မဝင်ပဲ ညနေအထိရောက်တက်ရာကာမောင်းပီး ကားကို ကြုံရာလမ်းဘေးရပ်ရင်းအပြင်သို့ထွက်ကာ မြေပြင်ပေါ်ငုတ်တုတ်ထိုင်ချလိုက်သည်။

ကျွန်တော်အားငယ်ချိန်တိုင်း ကိုကိုရှိနေပေးခဲ့တယ် ။

ကျွန်တော့်နှလုံးသားတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်ရက်တယ် ။

" Arumi Chan "

" Hai လေးလေး "

Aru လေးက ဂယူကို နောက်ပိုင်းလေးလေးဟုသာ သုံးနှုန်းလာသည်။

သို့သော် ထိုနာမ်စားလေးအား ဂယူသိပ်သဘောကျပါသည်။

" Arumi လေး ၊ လေးလေးဆီလာပါဦး "

ထိုသို့ပြောလိုက်တော့ ဂျွန်းဂယူ၏ရင်ခွင်ထဲသို့ Aru လေးက ချက်ချင်းဝင်တိုးတော့သည်။

" လေးလေးမှာ Aru လေးနဲ့တူတဲ့ ညီမလေးတစ်ယောက်ရှိတယ် "

ရင်ခွင်ထဲက ၈ နှစ်အရွယ် Aruလေးက အံ့ဩစွာနဲ့ ဂယူ့အားမော့ကြည့်လာသည်။

" တကယ်လား ? လေးလေး "

" ဟုတ်တယ် ၊ ဒါပေမဲ့ သူနေမကောင်းဘူး Aruလေးရဲ့ "

" အများကြီး‌နေမကောင်းတာလား ဟင် "

ငိုမဲ့မဲ့လေးနဲ့ မေးလာသည့် Aru လေးကိုငုံ့ကြည့်ရင်း ဂယူတစ်ယောက် ပို၍ ငိုချင်လာသည်။

" အင်း ၊ အခုသူက ဆေးကုနေတယ် သိလား ၊ နေကောင်းသွားတာနဲ့ လေးလေးက Aru ဆီခေါ်‌လာခဲ့မယ် "

" ခေါ်လာခဲ့... လေးလေး "

" ရွှတ် "

ဂယူက အာရုနဲ့ပါးအိအိလေးကို တစ်ချက်နမ်းလိုက်ရင်း မျက်ရည်ပေါက်တို့က Aru ရဲ့ပေါင်ပေါ်သို့ ကျသွားသည်။

BASED ON THE HEART ( Complete )Where stories live. Discover now