ရုပ်ညံ့လွန်းတဲ့လုပ်ရပ်တွေကိုလုပ်ခဲ့တဲ့ မင်းက ငါ့ကို ဘာမှမဖြစ်ခဲ့သလိုဆက်ဆံခဲ့တယ် ယွန်းဂျယ်ဟော့သိပ်မုန်းပါတယ်ဆိုနဲ့အနှောင်အဖွဲ့ကနေ ရုန်းထွက်ခဲ့ရတဲ့ငါဟာ $ရူးကြီး ကိုဖြစ်လို့ပါလား ။
အခုလည်းကြည့်...ပိုက်ဆံနဲ့မြှူဆွယ်နေပြန်ပြီ ။ငါဟာ ယိုရှီနိုရီဆိုတာကို လိမ်လို့မရသည်အထိ မင်းဘာကြောင့်မှတ်မိနေရသလဲ ၊ အဖြေကရှင်းနေတာပဲလေ ၊ တစ်ချိန်က သရဲဘောကြောင်ခဲ့တဲ့မင်း ၊ သိပ်မုန်းတာပဲ ဂျယ်ဟော့ ၊ မင်းငါ့ကိုတစ်ချိန်က ချစ်ခဲ့ပါတယ် ... အဟက်
အခုတော့ ငါ့ရင်ဘက်ထဲမှာ မင်းဆိုတဲ့ကောင်က ဗလာနတ္ထိ ...
တစ်ချိန်က ချစ်ခဲ့ပါတယ် ဆိုတဲ့ ငါ့ဆီက အချစ်ကို သိပ်ကိုမျှော်လင့်နေပုံရတယ်
ယွန်းဂျယ်ဟော့ပေးခဲ့သည့် ကဒ်လေးကိုကိုင်ရင်း ထိုဆီက ဆက်သွယ်ရမည့် ဖုန်းနံပါတ်တစ်ခုကိူကောက်နှိပ်လိုက်သည်။
Ringing Ringing Ringing Ringing
" Hello "
" Yoon Jaehyuk? "
" ဟုတ်ပါတယ်..မင်း ဘေဘီ ... အဲ့ ယိုရှီမလား "
" Jaden ပါ "
" တူတူပါပဲ အကောင်ပေါက်ရာ "
ထိုသို့ပြောပီး ဖုန်းထဲကနေ ဟက်ဟက်ပတ်ပတ်ရယ်သည်။
" ကျုပ်ပြောရဦးမှာလား.. ခင်ဗျားပဲပြောနေမယ်ဆိုဖုန်းချလိုက်တော့မယ် "
ဘယ်သူက CEO လဲ ပြန်မေးရလောက်အောင် ကို့အကောင်ပေါက်က စွာသည်လား? အဟက်
" ပြောပါဗျာ.. ပြောပါ "
" ဟို... ဟို ခင်ဗျား ပြောတဲ့အလုပ် ၊ အဲ့ အဲ့တာ လုပ် လုပ်မယ် "
အလုပ်လဲ လုပ်ချင်သည် အလုပ်တောင်းဖို့ဟာလဲ မရဲဖြစ်နေသည့်အသံလေးအား ယွန်းဂျယ်ဟော့အသဲမယားပဲ မနေနိုင်ပေ။
ထိုအခါ ယွန်းဂျယ်ဟော့ဘက်ကပြန်၍ တုံ့ပြန်စကားပြောဖို့ အားပြုလိုက်လျှင် တစ်ဖက်က ဖုန်းကိုချပစ်လိုက်သည်။" ရပါတယ်ကွာ..မင်းလုပ်ချင်တယ်ဆို မောင့်ဘက်က အမြဲ ဝဲကမ်း... ဟမ် ! "
ယွန်းဂျယ်ဟော့ က သူ့ဖုန်းကိူ နားနဲ့ခွာကာ ပြန်ကြည့်လိုက်တဲ့အခါမှာသာ တစ်ဖက်က ဖုန်းချသွားတာကိုသိတယ် ။
YOU ARE READING
BASED ON THE HEART ( Complete )
Fanfictionမင်းနှုတ်ကစကားတွေနဲ့ ပြိုလဲတဲ့အထိတကူးတက ထိုးနှပ်နေဖို့မလိုပါဘူး ငါက သေမိန့်ကျပီးသောအမှုသည်ပါ ..