" ကိုကို "
Bartender မှာထိုင်နေသည့် ယွန်းဂျယ်ဟော့က လှည့်ကြည့်လိုက်လျှင် ကော့တေးဖျော်နေသည့် ယိုရှီကပါ ခေါင်းထောင်၍ ကြည့်လာသည်။
" ဟာ...ဘေဘီ "
" ကိုကိုက စောရောက်နေတာပဲ "
" အင်း.... ဘေဘီရောသောက်မလား "
" ဘေဘီက ကိုကို့ခွက်ကိုပဲ သောက်ချင်တာ "
" ရတယ်လေ...ရော့ "
ယိုရှီနဲ့ ယွန်းဂျယ်ဟော့နှစ်ယောက်စလူံးဟာလဲ ပြေလည်သည်တော့မဟုတ် ၊ လိုအပ်သလိုတော့ စကားပြောတတ်ကြသည်။
" ဒယ်ဒီ့ကိုပြောပေး...ငါဒီညပြန်မလာဘူးလို့ "
ယိုရှီ့မျက်နှာလေးဟာ သိသိသာသာညိုးကျသွားပီးနောက်
" အင်း " တစ်လုံးတည်းသာ
" ရော့... ကျသင့်ငွေ "
" အင်း...ထားခဲ့ "
ထိုစဉ်...
ဂယူတစ်ယောက် ယိုရှီရှိရာသို့လျှောက်လာ၍
" ယိုရှီနိုရီစံ "
" Hai "
" အဆင်ပြေရဲ့လား...."
" ဘာကိုလဲ "
" မင်း ခင်ပွန်းနဲ့လေ "
" ဒီလိုပါပဲ..."
" ပြောပါကွာ....ငါကမင်းသူငယ်ချင်းပဲဟာကို
ကြိတ်ပီးမခံစားစမ်းပါနဲ့ ပြောပြစမ်းပါ "" အင်း "
" ပြော . အဆင်ပြေရဲ့လား "
" တကယ်တော့...တကယ်တော့ကွာ "
" အင်း "
" မပြေဘူး "
" ဘယ်လိုမပြေတာလဲ .. မင်း မဟုတ်မှ မင်းတို့ချစ်လို့ယူထားတာမဟုတ်ဘူးမလား "
" အင်း.. ငါ့ဘက်ကတော့ ချစ်တယ် "
" ဘယ် ဘယ် လို "
" အင်း... ငါ့ဘက်က သူ့ကိုချစ်တယ် ၊ ဘယ် အချိန်ကစပီး ချစ်မိသွားသလဲ ငါမသိပေမဲ့ ငါထိန်းချုပ်ထားတဲ့ ကြားထဲက ချစ်မိသွားတယ် "
" အဲ့တော့...မင်းသူ့ကိုမပြောပြဘူးလား .. မင်းခံစားချက်တွေကို သူ့ကို မပြောပြဘူးလား ဟမ် "
YOU ARE READING
BASED ON THE HEART ( Complete )
Fanfictionမင်းနှုတ်ကစကားတွေနဲ့ ပြိုလဲတဲ့အထိတကူးတက ထိုးနှပ်နေဖို့မလိုပါဘူး ငါက သေမိန့်ကျပီးသောအမှုသည်ပါ ..