Part 13

252 24 10
                                    

အိပ်မောကျနေသည့် ကောင်ငယ်လေးကိုကြည့်ရင်း ထိုလူမှာ အိပ်မပျော်နိုင်။

ထိုလူသားလေးက ကို့ထက်အသက်ကြီးတယ်သာပြောတာ တကယ်တော့ ဖြူအုနုဖတ်ပီး တကယ့်ပိစိကွေး လုံးလုံးလေးပါပဲ။

ရင်ခွင်ထဲမှ တဆင့် ကုတင်မရှိသည့် မွေ့ရာခင်းပေါ်သာချ‌ပီး အိပ်စက်စေ၏

ယွန်းဂျယ်ဟော့တစ်ယောက်တစ်ယောက် ဘေးဘီကိုကြည့်မိတော့ ထွန်းညှိထာသည့်အလင်းရောင်မှာ သာမန်မဟုတ် ၊

ထိုမီးရောင်ကိုကြည့်ချင်းအားဖြင့် ယိုရှီတစ်ယောက် ဘယ်လိုစိတ်ဒဏ်ရာမျိုးရနေသလဲ မပြောပြရင်တောင်သိနိုင်ပါတယ်။

ဒီလိုဖြစ်ရသည့် အကြောင်းအရင်းက သူ့ပရောဂလည်းမကင်းသလို သူ့မိသားစုရဲ့ပရောဂရောကင်းမှာတဲ့လား။

နှဖူးပေါ်ဝဲကျနေသည့် ဆံနွယ်စလေးကို ပြန်သပ်တင်ပေးရင်း လက်ဖမိုးလေးကိုဆွဲယူကာ အနမ်းတပွင့်ပေးခဲ့သည်။

ဒီအနမ်းဟာ ယွန်းဂျယ်ဟော့ဘက်က ခိုလိုလားလား နူးညံ့စွာနမ်းရှိုက်လိုက်သည့် ပထမဆုံးသောအနမ်း

ကိုယ်လိုမကောင်းတဲ့သူတစ်ယောက်ကို မင်းက ချစ်မိတယ်တဲ့လား ?

တန်လို့လား...မောင့်သဲညှာလေးရာ !

တကယ်တော့ မောင်အဲ့ညက မင်းအပေါ်မှားခဲ့တာကို အဆုံးထိ မသိချင်ယောင်ဆောင်ပီး မျက်နှာပြောင်တိုက်ခဲ့မိပါတယ် ။

ပြောလဲ ပြော .. ပါးပြင်လေးနှင့်နှုတ်ခမ်းပါးလေးကိုလဲ လက်ညှိုးဖြင့်ထိနေခဲ့သည်။

မခံချင်စိတ်က တဖွားဖွားပေါ်ခဲ့လို့ မင်းအ‌
ပေါ်မောင်လိမ်ညာခဲ့မိသလို ၊အနိုင်လိုချင်မိတယ်။

မင်းလိုပဲ မောင်လဲ ဘယ်အချိန်ကစလို့ ရင်ခုန်မိသွားမှန်းမသိတော့ဘူး ။

သေချာတာတစ်ခုက မောင် , မင်းကို ပိုင်ဆိုင်ချင်တယ် ၊ ဒါဟာ မောင်သိပ်ကိုအတ္တဆန်နေလိမ့်မလား ။ မောင့်အနားကနေ ထွက်မသွားအောင်မောင်နည်းမျိုးစုံကြိုးစားမှာပါ ယိုရှီနိုရီ ။

ဒယ်ဒီ့ အစား မောင့်ကိုသာအပစ်ပေးပါ။

မောင့်မိသားစုက မင်းအပေါ်ကို ဆိုးရွားတဲ့အပြစ်ကျူးလွန်ထားတာသိပါတယ်။

BASED ON THE HEART ( Complete )Where stories live. Discover now