နှစ်ယောက်သား ပိုတေးလေးတို့အိမ်သွားတဲ့တောက်လျှောက် မည်သူမျှစကားသံထွက်မလာသည်အထိ တိတ်ဆိတ်နေ သော်ငြား လည်း တဟ်ယောက်သောသူကတော့ ကားမောင်းနေရင်း လက်တစ်ဖက်ကို လွတ်ထွက်မသွားအောင် တင်းကြပ်စွာ ဆုပ်ကိုင်ထားပြန်သည်။
Love seat ကကောင်လေးကတော့ ခိုက်ခိုက်တုန်အောင်ချမ်းတာကြောင့် နှာခေါင်းထိပ်လေးဟာရဲပီး ဦးခေါင်းလေးဟာ မာဖလာ လေးထဲ နစ်မြုပ်လို့နေသည်။
တိတ်ဆိပ်နေသောဟင်းလင်းပြင်ကို စတင်ဖြိုခွင်းလာသူမှာတော့ ဂျယ်ဟော့ပင် ။
" မင်းကိုဘယ်လောက်ထိ စိတ်ပူသွားလည်း သိရဲ့လား "
" ဟို... ဟို မရည်ရွယ်ပါဘူး "
" လေယာဉ်က ဘယ်လိုဖြစ်တာလဲ "
" ငါစီးလာတဲ့ Flight မဟုတ်ဘူး "
" ဟင် "
" ငါစီးလာတဲ့အစီးမဟုတ်ဘူး ၊ ငါ စီးတဲ့ Flight ဆင်းပီး မကြာဘူး နောက် ဆင်းလာတဲ့ Flight ဖြစ်တာ ၊ ညာဘက်ဘီး ထုတ်မရတာလို့တော့ပြောတယ် ထုတ်လို့ရပြန်တော့လဲ အောက်နဲ့တော်တော်နှီးနေပီ Pilot လဲ ဗြာများပီး လမ်းကြောင်းချော်ထွက်သွားပုံပဲ "
" အော် "
နားထောင်နေသူဟာ မျက်နှာတွေနီရဲလို့ပင် ။
သိူ့သော် အဆိုးထဲက အကောင်းပေါ့ ၊ မဟုတ်လျှင်လည်း ဒီ့ထက်ပိုပြီး မာနတွေက စည်းခြားနေရုံမက အမှန်တရားတွေမသိပါပဲ ပိုပြီးဝေးရပေလိမ့်မည်။
" ဒါနဲ့ ဂျယ်ဟော့ "
လမ်းတစ်လျှောက်ဆုပ်က်ုင်ခံထားရသည့်လက်ကို ခဏတာရုန်းလိုက်တော့
" ငါ မင်း ဒယ်ဒီကို တကယ် , တကယ် မရည်ရွယ်ပါဘူး "
" ပီးခဲ့တာတွေလည်း ပီးခဲ့ပြီပဲ ၊ထားလိုက်ပါတော့ "
" မင်း မယုံတာ ငါသိပါတယ် ၊ ငါ နားလည် "
ပြောနေချိန်မှာပဲ ဂျယ်ဟော့က အဝေးပြေးတစ်နေရာ ကားကိုဘေးကပ်၍ ရပ်လိုက်တော့သည်။
ပီးနောက်
" အရမ်းစိတ်တိုသွားလို့လားဟင် "
မာဖလာလေးအောက် မျက်နှာနစ်မြုပ်နေသည့်အကောင်ပေါက်လေးက ဂျယ်ဟော့ကို မျက်နှာငယ်လေးနဲ့ပြောလာလေသည်။
![](https://img.wattpad.com/cover/356182874-288-k60438.jpg)
YOU ARE READING
BASED ON THE HEART ( Complete )
Fanfictionမင်းနှုတ်ကစကားတွေနဲ့ ပြိုလဲတဲ့အထိတကူးတက ထိုးနှပ်နေဖို့မလိုပါဘူး ငါက သေမိန့်ကျပီးသောအမှုသည်ပါ ..