အဆင်မပြေမှုတွေများနေချိန် ထွက်ပေါက်တစ်ခုလိုဖြစ်နေတဲ့ ဒီ စီးကရက်တွေကို ကျွန်တော်သိပ်မြတ်နိုးပါသည်။
လမ်းခုလတ် ကိုရောက်နေတဲ့ငါက နောက်ပြန်လှည့်လို့လုံးဝမရတော့တဲ့အခိုက်တံ့မို့ အရှေ့မှာ ဘယ်လောက်ပဲ ဓားသွားတွေခင်းထားပါစေ သွေးသံရဲရဲနဲ့ ကျွန်တော်ဆက်လျှောက်ရမှာပဲ !
ဇာတ်ညွှန်းက နဂိုထဲကရှိပီသားမလား ?
ဒီလိုဆိုတော့လည်း ဇာတ်ဆရာအလိုကျပေါ့ !
နှုတ်ခမ်းအနဲငယ်ကွေးညွန့်ရင်း ဆေးလိပ်ဖွာနေခဲ့ပြန်သည်။
ဒီနေ့ညမှာ အရင်ကထက် စီးကရက်ပိုသောက်မိနေပြန်တယ် ။
နောက်ဆုံး ရွေးချယ်ထားတဲ့အရာဟာလဲ ခဏတာပါပဲ ။
သာယာမှုတွေရလဲ ခဏပေါ့ ၊ နောက်တော့လည်း အခုလက်ထဲမှာကိုင်ထားတဲ့စီးကရက်လိုပဲ အငွေတွေတလူလူနဲ့ ပျံ့လွင့်သွားပီ လေဟာနယ်ပျောက်ကွယ်သွားမှာပဲမလား ။
ဆေးလိပ်ကို မီးသတ်ပီး ကုတင်ထက်သို့ လှဲမယ်ကြံတုန်း အပြင်တံခါးခေါက်လာခဲ့သည်။
သို့သော် အမြန်သွားဖို့ဆိုတာကလည်း ဘယ်လိုလုပ်ဖြစ်နိူင်မှာလဲ။
ဒေါက်ဖိနပ်နဲ့တက်နင်းခံထားရတဲ့ အရှိန်က အခုထိ မပျောက်သေးသည့်အပြင် သွေးခြောက်တွေအနည်းငယ်ပေနေပီး ခြေဖမိုးတစ်ပြင်လုံးညိုပုတ်နေသည်။
" ဒေါက် ဒေါက် ဒေါက် "
တံခါးဖွင့် လိုက်တဲ့အခါမှာတော့ ယွန်းဂျယ်ဟော့
" ဘာကိစ္စလဲ "
" ငါက ကိစ္စရှိမှလာရမှာလား "
" ကိစ္စမရှိရင်တော့ ထွက်... ငါနားချင်လို့ "
ထိုသိူ့ ပြောပီး ဂျယ်ဟော့အား မသိကျေးကျွန်ပြုကာ ကျောခိုင်း၍ ကုတင်ပေါ်သို့လျှောက်သွားစဉ်
လေပေါ်သို့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ရုတ်တရက်မြောက်တပ်သွားတော့သည်။
" အားးးး... "
" ခင်ဗျား မအော်နဲ့လေ...ခင်ဗျားအမေတက်လာဦးမယ် "
" မင်းက ရုတ်တရက်ကြီး ဒါဘာလုပ်တာလဲ အောက်ချပေး "
" ခင်ဗျားကို ငြိမ်ငြိမ်နေလို့ပြောနေတယ်လေ"
YOU ARE READING
BASED ON THE HEART ( Complete )
Fanfictionမင်းနှုတ်ကစကားတွေနဲ့ ပြိုလဲတဲ့အထိတကူးတက ထိုးနှပ်နေဖို့မလိုပါဘူး ငါက သေမိန့်ကျပီးသောအမှုသည်ပါ ..