part-1(U+Z)

6.8K 141 3
                                    

##Unicode##

"အာ့!!... ဖြေးဖြေးလုပ်ပါဗျာ .. နာတယ်ဗျ ခဗျားကလဲ"

မောင် မျက်စောင်းလေးထိုးကာဆူပုတ်ပုတ်လေးနဲ့ ဆိုလိုက်သည်။ဒေါက်တာမမက အတင်းလုပ်နေတာကိုး။

"အို ရန်​ြဖစ်တုန်းကကျ မနာတတ်ဘူးလား "

"ရန်​ြဖစ်တုန်းက သွေးပူနေတာကိုးဗျ ခု ခဗျားက ထုံဆေးမပေးဘဲ ချုပ်နေတာလေ နာတာပေါ့ဗျ ခဗျားလဲခံကြည့်အုံး"

လူကိုကတ်ကတ်လန်ပြန်ပြောနေတဲ့ ရှေ့ကလူဆိုးမလေးကို တမင်ထုံဆေးမပေးဘဲချုပ်ေပးနေတာ ဘယ့်နှယ်မိန်းကလေးတန်မယ့်ရန်ဖြစ်ရတယ်လို့ တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ် နေ့စဥ်ရက်ဆက် ဆိုတော့....

"တို့ကဘာလို့ခံရမလဲ တို့ကမင်းလို မဆိုးဘူး "

"ဟုတ်ပါတယ်ဗျာ ကျ​ေတာ်ကဘဲ လူဆိုးပါ ..."

"သိရင်ပြီးတာဘဲ "

(ဒါကတော့ မောင် ရန်ဖြစ်တိုင်း ဖြစ်နေကျပုံမှန်ပါဘဲ ရန်ဖြစ်တိုင်း ဆေးထည့်ပေးနေရတဲ့ ဒေါက်တာမလေးက ရုပ်ကလေးချောသလောက် စိတ်ပုပ်တယ်
ရန်ဖြစ်လို့ရတဲ့ ဒဏ်ရာ‌တွေစို မကုပေးဘူး တဲ့လေ
ဒါပေမယ့် ထုံဆေးမပါဘဲ ချုပ်မယ်စို ခံနိုင်ရင် ခံဆိုပြီးလုပ်ပေးတာ.. ကျွန်​ေတာ့် ကိုအထင်သေးတာကိုးဗျ ကျွန်တော် ကကော ဘယ်သူလဲ ဟန်နီမောင် မဟုတ်လား ဒီလောက်တော့ခံနိုင်တာပေါ့ဗျာ .. ဒေါက်တာမလေးက ဆေးခန်းဖွင့်တာ တစ်ပတ်မပြည့်သေးဘူး မောင် က နေ့တိုင်းရောက်​ြဖစ်နေ​ေတာ့သည်။
အရင် ဒေါက်တာ‌တွေ တုန်းက မလာဖြစ်ပေမယ့် ဟိုတစ်နေ့ကရန်ပွဲမှာ မောင်နဲနဲအထိနာလို့ ဆေးခန်းရောက်ခဲ့ရာကနေရန်ဖြစ်လို့ဒဏ်ရာရတိုင်း ဒေါက်တာမမ
ကိုသတိရတော့တာဘဲ)

ဆေးထည့်ပြီးတော့မှ

"ဟွန့်ဒေါက်တာစိတ်ပုပ်ကြီး..သူခံရတာမဟုတ်တိုင်း အသေလုပ်တယ်ဗျာ.. "

"အလုပ်မခံချင် ရန်မ​ြဖစ်နဲ့ လေ"

"သူတို့ဘက်က စတာဗျ ကျုပ်က စတာမှမဟုတ်တာ
သူတို့ကိုသွားပြောပါလား "

"တို့က လူတိုင်းကို လိုက်ပြောနေရအောင်
တို့အချိန်‌တွေ မအားဘူး မင်းကိုပြောတယ်ဆိုတာကလဲ
မင်းဒဏ်ရာရရင် တို့အတွက်အလုပ်တစ်ခုပိုတယ် ဒါကြောင့်ပြောနေတာ "

ဒေါက်တာမမ(Ongoing)Where stories live. Discover now