part-15(U+Z)

1.1K 83 4
                                    

##Unicode##

မောင် ဒေါ်သင်းဖြူလှိုင်နှင့် သေချာဆွေးနွေးမှဖြစ်တော့မည်။သူမပြန်ကောင်းဖို့က မောင့်အဖြစ်ချင်ဆုံးဆန္ဒတစ်ခုဖြစ်သွားပြီ။သူမပြန်ကောင်းလာဖို့မောင်အတတ်နိုင်ဆုံးကြိုးစားမည်။ဘာဘဲလုပ်ရလုပ်ရပေါ့။

"မမ"

မောင့်ခေါ်သံကြောင့် မောင့်ရင်ခွင်ထဲက
သူမကခေါင်းလေးထောင်လာသည်။

"ပြောလေမောင်"

"မောင်တို့အပြင်ထွက်ကြမလား။အိမ်ထဲမှာဘဲနေရတာ မမငြီးငွေ့နေရောပေါ့။"

"ကောင်းသားဘဲ။"

"မမဘယ်သွားချင်လဲ"

"မောင့်သဘောလေ မောင်ဘယ်သွားချင်လဲ"

သူမအပြောကြောင့်မောင်တစ်ချက်စဥ်းစားမိသည်က
ဒီချိန်ဆို မိုးကုတ်မှာတောင်နေကြာတွေဝေဆာနေရောပေါ့။

"ခုကဆောင်းရာသီဆိုတော့ တောင်နေကြာတွေပွင့်ပြီ။
သွားကြည့်ကြမလား။"

"မောင့်သဘောလို့.."

"ဟုတ်ပါပြီ။ဒါဆို မမပြင်ဆင်ထားလေ။မောင်အဝတ်စားသွားလှဲလိုက်အုံးမယ်"

"ဟုတ်ကဲ့ပါရှင့်။အော် ဒါနဲ့မောင် ဘာလို့တစ်ခန်းသပ်သပ်နေတာလဲ။မမနဲ့တစ်ခန်းထဲနေလဲရသားကို"

သူမအပြောကြောင့် မောင်လဲသူမအမေကိုသာလွဲချမိသည်။

"မမမေမေ မောင့်ယောက်ခမကြီး မကြိုက်မှာစိုးလို့ပါဗျ"

"သူမကြိုက်လဲနေပေါ့။မမကြိုက်တယ်လေ။မရဘူး မောင့်ပစ္စည္းတွေယူပြီး ခုချက်ချင်း မမအခန်းထဲရွေ့ခဲ့။"

ကြည့်ပါအုံးဘယ်လောက်ချစ်ဖို့ကောင်းတဲ့မမလဲ။
သူမရဲ့မောင်ဆိုသူက ကံကောင်းလိုက်တာ။

"ဟုတ်ပါပြီဗျာ။မမအလိုကျပါ။မောင်သွားလိုက်အုံးမယ်နော်"

မောင်အခန်းဝနားရောက်တော့ သူမကခေါ်သည်မို့
မောင်ပြန်လှည့်ကြည့်လိုက်သည်။

"အင်း။ မောင်..."

"ဗျာ..."

"မြန်မြန်ပြန်လာနော်"

"ဟုတ်ပါပြီဗျာ..."

မောင်ပြောပြီး မောင့်အခန်းဆီသို့ ခပ်သုတ်သုတ်လေးထွက်လာတော့သည်။

ဒေါက်တာမမ(Ongoing)Where stories live. Discover now