part-4(U+Z)

2.2K 75 1
                                    

##Unicode##

သူ့လိုလူက Gay bar ရောက်နေတာ မဆန်းတော့ပါဘူး ဖြူ့လိုလူက သူ့ကြောင့် ဒီကို ရောက်လာတာတော့ အဆန်းပေါ့..
...
ဟယ်ဒုက္ခဘဲ လူဆိုးမက ဇွတ်သောက်နေတာ မူးရွဲနေပြီ

"ဟန်နီမောင် တော်သင့်ပြီထင်တယ်နော်"

ဖြူ့ကိုဂရုမစိုက်သောက်လက်စကိုဆက်သောက်နေသည်မို့

"မောင်တော်တော့်လို့ဖြူပြောနေတယ်လေ တော်တော့"

'ဟင်ဒေါက်တာမမ '

"လာပြန်မယ်"

'ဘယ်လိုရောက်လာတာလဲ'

"မရှည်နဲ့ ထသွားမယ်"

လက်ကိုအတင်းဆွဲခေါ်တော့ မောင်ကပြန်ဖြုတ်သည်။

'ဟင့်အင်း ဒေါက်တာမမပြန်နင့်ပါ'

"ငါမင်းကိုလာခေါ်တာ မင်းမပါဘဲပြန်စရာလား"

'ကျုပ်ထပ်သောက်အုံးမယ်'

"မသောက်ရဘူး သေချင်လို့လား"

'သေသွားတာတောင်ကောင်းအုံးမယ် ခုရောကျုပ်ဘဝက ဘာများအဓိပ္ပါယ်ရှိလို့လဲ'

ဖြူအကြမ်းနည်းမရတော့ အနုနည်း သုံးရတော့မည် မောင့်အနားပိုတိုးကာ သူ့မျက်နှာလေးမော့ယူပြီး

"မင်းပြောတော့ တို့ကိုချစ်တယ်စို ဘာလို့တို့စကားနားမထောင်တာလဲ"

'ကျူပ် ဒေါက်တာမမစကားနားထောင်ရင် ဒေါက်တာမမက ကျုပ်ကိုပြန်ချစ်မှာလား "

"ဒါကတော့ မင်းအပေါ်ဘဲ မူတည်တယ် မင်းလိမ်မာရင်တော့ တို့ စဉ်းစားပေးနိုင်တာဘဲ"

'ဒါပေမယ့် ဒေါက်တာမမမှာ စေ့စပ်ထားတဲ့သူရှိတယ်"

ဖြူသူမနှုတ်ဖျားလေးကိုလက်ညိုးလေးနဲ့တားလိုက်ရင်း

"အဲ့ဒါတွေ မတွေးနဲ့ ခုမင်းတွေးရမှာက တို့နဲ့အတူ အိမ်ပြန်လိုက်မှာလား မလိုက်ဘူးလား"

'ဟီး ကျုပ်ကိုကူတွဲရင် ပြန်လိုက်မယ်"

"ငမူးကအသားယူချင်သေးတယ်
လာလာ ငါမတွဲရင်လဲ အိမ်မရောက်တော့ဘူး"

မောင့်ကိုခေါ်ထုတ်လာပေမယ့် ဘယ်ပို့ရမလဲမသိ ဖြူမှ သူ့အိမ်ကိုမသိတာ

ဒေါက်တာမမ(Ongoing)Where stories live. Discover now