part-14(U+Z)

1.1K 72 2
                                    

##Unicode##

"အန်တီ..."

မောင့်အသံဟာ မာကျောမနေသည့်တိုင် ပျော့ပျောင်းလဲမနေခဲ့။

မောင်ဒေါ်သင်းဖြူလှိုင်ကိုခေါ်တော့ သူမက ထိုင်ဆိုသည့်အထာနဲ့ ခေါင်းငြိမ့်ပြသည်မို့ သူ့ရှေ့ကခုံတွင်မောင်ဝင်ထိုင်လိုက်သည်။

"ဘာပြောစရာရှိလိုလဲ"

မောင့်ကိုမေးခွန်းထုတ်လာသည့် ဒေါ်သင်းဖြူလှိုင်ဆိုသူမှာ တည်ငြိမ်မှုအပြည့်။မောင်လဲအေးဆေးစွာပင် သိလိုတဲ့အဖြေကိုမေးခွန်းထုတ်မိသည်။

"မောင် အန်တီ့သမီးရဲ့အတိတ်ကိုသိခွင့်ရှိမလား။"

မောင့်အမေးကို သူမအနည်းငယ်စိုးထိတ်နေသယောင်။
သုမတို့အတိတ်ကိုပြောပြဖို့အဲ့သလောက်ဝန်လေးနေပုံထောက်။

"မင်းကဘာလို့သိချင်တာလဲ"

သူမကဟန်ပျက်သည်ကိုထိန်းကာ မောင့်ကိုမေးခွန်းပြန်ထုတ်လာသည်။

"လိုအပ်လို့ပါအန်တီ။သူ့ကိုခုလိုဖြစ်စေတဲ့ သူ့အတိတ်ကဘဲ သူ့ကိုပြန်လည်ကုသနိုင်မှာမို့လို့ပါ။"

"သူ့အတိတ်ကိုသူကလွဲပြီး ဘယ်သူကများ ပိုသိနိုင်မှာလဲ"

"အန်တီသိသလောက်လေး..."

"ဟင့်အင်းငါမပြောပြနိုင်ဘူး။စိတ်လဲမဝင်စားဘူး။မင်းမကုနိုင်ရင် တခြားဆရာဝန်ဘဲခေါ်လိုက်မယ်"

"မောင် မကုနိုင်တာမဟုတ်ပါဘူးအန်တီ။သူ့အတိတ်ကိုမသိဘဲ စမ်းတဝါးဝါးကုနေတာထက်စာရင် သူ့အတိတ်ကိုသိပြီး နည်းလမ်းကောင်းကိုရွေးချယ်ကုသတာက ပိုပြီးထိရောက်မြန်ဆန်မယ်ထင်လို့ပါ။"

"ငါကတော့အဲ့လိုမထင်မိဘူး"

မောင် ဒေါ်သင်းဖြူလှိုင်ကိုနားမလည်နိုင်တော့။ခုချိန်သူ့သမီးပြန်ကောင်းဖို့ထက်ဘာကအရေးကြီးနေသေးတာလဲ။

"အဲ့ဒါကြောင့်ဘဲ အန်တီရဲ့သမီးက ဘာမဟုတ်တဲ့ရောဂါလေးကို နှစ်နှစ်ဆယ်ကျော်ထိခံစားနေရတာပေါ့။
အနာတခြားဆေးတ​ြခားဖြစ်နေလို့လေ။"

"ဒီမှာ!!....မင်းကဆရာဝန်နော် ဆေးဘဲကုပါ။သူများကိုယ်ရေးကိုယ်တာကိစ္စတွေဝင်မစွက်ဖက်ပါနဲ့"

ဒေါက်တာမမ(Ongoing)Where stories live. Discover now