##Unicode##
မောင်နဲ့ ဖြူတို့ ဖြူ၏နေအိမ်သို့ပြန်ရောက်ခဲ့ပြီ။
"အန်တီ။"
"ပြောလေမောင်။"
"အန်တီနဲ့ မဟန်နီမောင်တို့ ပထမဆုံးဆုံခဲ့တဲ့ ဆေးခန်းလေးကိုရောက်ဖူးချင်တယ်။"
"ဒီရပ်ကွက်မှာဘဲလေ။ခုတော့ ဘယ်လိုဖြစ်နေမလဲမသိဘူး။မောင်သွားချင်ရင် သွားကြမလား။"
"အင်းသွားမယ်လေ။"
မောင်နဲ့ဖြူ ဆေးခန်း သွားဖို့အောက်ထပ်သို့ဆင်းခဲ့တော့ ဒေါ်သင်းဖြူလှိုင်ကဧည့်ခန်းတွင်ထိုင်နေသည်မို့မောင်အသိပေးဖို့သွားမည်ပြင်လိုက်သည်။သို့သော်မမကမောင့်လက်ကိုဆွဲကာ တားသည်။
"တို့ပြောပြီးပြီလေ။အရေးမပါတာတွေမလုပ်နဲ့လို့။"
"ဟိုဒါပေမယ့်။"
"သမီးဖြူ...။"
ထိုစဥ် ဒေါ်သင်းဖြူလှိုင်၏ခေါ်သံကြောင့် မောင်အန်တီလက်ကိုဆွဲကာ ဒေါ်သင်းဖြူလှိုင်ဆီ လာခဲ့သည်။
အန်တီကတော့ မကျေမနပ်ဖြင့်ပါလာသည်။
"ဘယ်သွားမလို့လဲသမီးဖြူ။နေကောင်းတာလဲမဟုတ်ဘဲ။"
"ဖြူ ဘယ်သွားသွား မေမေနဲ့မဆိုင်ပါဘူး။
မေမေဂရုစိုက်ဖို့လဲမလိုဘူး။""သမီးဖြူ!!"
ဒေါ်သင်းဖြူလှိုင်အသံဟာမာကျောလာခဲ့ပြီ။
"ဟိုမောင်တို့ အန်တီဆေးခန်းထိုင်ဖူးတဲ့ ဒီရပ်ကွက်ဆေးခန်းကိုသွားကြည့်မလို့ပါ။"
"ဘာအတွက်လဲ။"
မောင့်ကိုဆိုအမြဲစကားအကောင်းမပြောတဲ့ဒေါ်သင်းဖြူလှိုင်ရယ်ပါ။
"ဟို...။"
မောင်မပြောရသေးခင် အန်တီကမောင့်လက်ကိုဆွဲကာခေါ်ထုတ်ခဲ့သည်။
ဒေါ်သင်းဖြူလှိုင်ဘယ်လိုကျန်ခဲ့မည်ဆိုတာမတွေးတတ်တော့။သူတို့သားမိနှစ်ဦးကြားမောင်တော့အနေခက်လှပြီ။
မောင်တို့ဆေးခန်းလေးကိုရောက်တော့ ဆေးခန်းကပုံမှန်တိုင်းဖွင့်နေဆဲပင်။ဒေါက်တာနဲ့ သူနာပြ နှစ်ယောက်သာရှိသည်။
![](https://img.wattpad.com/cover/356658107-288-k189625.jpg)
YOU ARE READING
ဒေါက်တာမမ(Ongoing)
Storie breviမောင်ပြန်လာမည်မဟုတ်လား။ မမ ဒီကဘဲစောင့်နေမယ်နော်။ ေတာ်ကြာ မမ လိုက်လာမှ မောင်လာခိုက်နဲ့ကြုံနေရင် မမတို့လွဲရချည်ရဲ့။ အစက S-2ဆိုပြီးပြန်ရေးမလို့ပါဘဲ။ဒါပေမယ့် ဒါလေးကအပိုင်းနည်းနေတော့ ဒီမှာဘဲဖြည့်ရေးလိုက်တော့မယ်။(ongoingလိုက်ပေးကြပါနော်) နောက်တစ်ဘဝအနေနဲ...