part-23(U+Z)

920 46 1
                                    

##Unicode##

မင်ဂလာပွဲ ဒင်နာပွဲ အားလုံးပြီးတော့
မောင်တို့ကို ဦးစောမောင်နှင့်ဒေါ်နန်းဟန်တို့ လက်ဖွဲ့ထားသည့်တိုက်ခန်းသို့ မဟန်နီနွယ် နှင့်အတူရောက်ရှိနေခဲ့ပြီ။ မောင်အဝတ်လှဲရန် ပြင်နေတုန်းမဟန်နီနွယ်ဆီမှ..

"မောင်...."

တိုးဖျဖျခေါ်သံလေးကတမင်လုပ်ယူထားမှန်းအသိသာ။
မောင်နောက်သို့လှည့်ကြည့်လိုက်တော့ မဟန်နီနွယ်က မောင့်ကို ညို့မျက်ဝန်းတွေနှင့် စိုက်ကြည့်နေလေသည်။

"မဟန်နီနွယ်"

"ဟောရှင် မဟန်နီနွယ်တဲ့လား ဇနီးမယားတွေဘဲ​ြဖစ်နေပြီရှင်ရယ် အခေါ်ဝေါ်လေးတော့ပြောင်းသင့်တာပေါ့။"

ဟန်နီနွယ် ပြောကာ မောင့်လည်တိုင်ကိုသိုင်းဖက်ကာ ပူးတီကပ်တီ ဟိုပွတ်ဒီပွတ်ဖြင့်လုပ်နေသည်မှာ မောင်တစ်ယောက် အနေပင်ခက်လှပြီ။ထို့နောက် သူမကမောင့်ရှေ့တည့်တည့်တွင်ရပ်ကာမောင့်အင်ကျီ ကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်ယူနေသည်။မောင် မဟန်နီနွယ်၏လက်တွေကိုစုပ်ကိုင်ကာပင်

"တောင်းပန်ပါတယ်။ မောင် မဟန်နီနွယ်နဲ့လက်ထက်ပေမယ့် လင်မယားအရာမမြောက်ချင်ဘူး။"

သူမ ဘယ်ခြေလှမ်း လှမ်းနေသည်ကို သိသဖြင့် မောင်အလျင်မြန် ဟန့်တားလိုက်ရသည်။

ဟန်နီနွယ် မောင့်ကိုအ့ံသြ သလိုကြည့်လိုက်သည်။

"နွယ်တို့က ဇနီးမယားတွေဖြစ်နေပြီဘဲ။အမှန်ဆို ဒီကိစ္စ တွေက မောင့် ဘက်ကတောင် စသင့်တာ မဟုတ်ဘူးလား။"

ဟန်နီနွယ့် အမေးကို မောင်ကအေးစက်စွာပင်..

"မောင်တို့သန့်သန့်ဘဲနေကြရအောင်"

"မောင်!!"

ဟန်နီနွယ့် အသံမာလာသည်။လက်ထက်ပြီးမှ သန့်သန့်နေဖို့ဆိုတာ မြင်သာမြင် မကြင်ရ ဆိုသည့်နှယ် ဒါတော့မဖြစ်သင့်ဘူးမဟုတ်လား။

"မောင်တို့ကြား စည်းခြားရအောင်။မောင် မဟန်နီနွယ်ကို လက်ထက်ဖို့သဘောတူလိုက်ပေမယ့် မဟန်နီနွယ်ကိုမချစ်ဘူး။"

"မင်းတို့ကိုမချစ်တာ တို့သိပါတယ် ဒါမယ့်"

"လူတစ်ယောက်ကိုချိုးချင်တာတစ်ခုကြောင့်နဲ့
မဟန်နီနွယ်တို့ကို အသုံးချသလိုဖြစ်သွားရင်​ေတာ့တောင်းပန်ပါတယ်။"

ဒေါက်တာမမ(Ongoing)Where stories live. Discover now