part-5(U+Z)

2.1K 72 1
                                    

##Unicode##

ဆေးခန်းတွင်....

'ဒေါက်တာမမ!!"

"အင်းပြောလေ "

'ကျ‌ုပ် အလုပ်ထွက်ဖို့"

"ဘာ ..ဘာဖြစ်ရပြန်ပြီလဲ"

'ကျ‌ုပ် ဒယ်ဒီနဲ့မာမီက နိုင်ငံခြားမှာကျောင်းသွားတက်ဖို့ပြောလို့ပါ "

'အဲ့တော့မင်းကသွားမယ်ပေါ့
မင်းပြောတော့ မင်းအပေါ်မကောင်းကြဘူးစို
အဲ့ဒီလူတွေရဲ့စကားကိုမင်းကနာခံမယ်ပေါ့"

'ဘယ်လိုဘဲဖြစ်ဖြစ် သူတို့က ကျ‌ုပ် မိဘတွေဘဲလေ"

"ဆောတီး တို့ဆိုလိုတာ က...
ထားပါ ဘယ်တော့ သွားမလဲ"

'မနက်ဖြန် "

"ချက်ချင်းကြီးလား "

'ပြောထားတာကကြာပါပြီ ကျနော်ဒေါက်တာမမကိုခုမှပြောဖြစ်တာပါ"

ဖြူစိတ်ထဲအမည်မသိတဲ့ဝမ်းနည်းမှုတစ်ခုပေါ့။
ဘာကြောင့်ဝမ်းနာ်းမိသွားတာပါလိမ့်။

"အစစအရာရာ ဂရုစိုက်နော် အထူးသဖြင့် ကျန်းမာရေး ပြီးတော့ အရင်လိုလူဆိုးမကြီးလုပ်မနေနဲ့တော့နော် တို့နဲ့အဆက်သွယ်လဲမပျက်စေနဲ့ "

'ဟုတ်ကဲ့ ဟို..ဒေါက်တာမမ "

"အင်း"

'ကျ​ုပ် တောင်းထားတဲ့အဖြေလေ"

"မင်းပြန်လာတဲ့ချိန် ပေးမယ် ခုတော့ပညာရေးကိုဘဲ ခေါင်းထဲထည့်ထား"

'ဒေါက်တာမမကလဲ ကျ‌ုပ် ပြန်လာဖို့စို ငါးနှစ်ကြီးများတောင် "

"ငါးနှစ်တောင်လား "

'ဟုတ်တယ် "

"ဒါဆို မင်းဟိုရောက်လို့ အခြေနေကိုကြည့်ပြီး စဉ်းစားပေးမယ် မင်းလိမ်မာရင်လိမ်မာသလို ကြိုးစားရင်ကြိုးစားသလို အမှတ်ပေးမယ် "

'တကယ်လားဒေါက်တာမမ "

"အင်းတကယ် "

'ကျေးဇူးပါဗျာ
ခုတော့ ကျနော် ပြင်ဆင်စရာလေးတွေရှိသေးလို့ပြန်လိုက်ပါအုံးမယ်
မနက်ဖြန် လေယာဉ်ကွင်းကို လိုက်ပို့မယ်မလား'

"အင်းလိုက်ပို့မှာပေါ့"

'ဒါဆို ကျုပ် ဒေါက်တာမမကို ဝင်ခေါ်မယ် '

ဒေါက်တာမမ(Ongoing)Where stories live. Discover now