part-9(U+Z)

1.9K 59 1
                                    

##Unicode##

ဒီနေ့မောင်က အလုပ်စောကြီးသွားခဲ့တယ်ထင်ရဲ့
ဖြူနိုးတော့မောင့်ကိုမတွေ့ဘူး
ဖြူ့အတွက်စာလေးတော့ထားခဲ့၏။

*မောနိ မမ မောင်အလုပ်အရေးကြီးလို့ သွားနင့်ပြီနော် မမနိုးရင် မမ အတွက်‌ေမာင် မနက်စာပြင်ထားပေးတယ်နော် ချစ်တယ်အာဘွား*

‌ဖြူ ပြင်ဆင်ပြီး ​ဆေးခန်း သွားမည်လုပ်တော့

'ဟန်နီမောင် သမီး... "

ဟင်မောင့်မိဘတွေဘဲ

"မောင်ကအလုပ်သွားပြီရှင့် အိမ်ထဲဝင်ပါအုံး"

'အေးညည်းနဲ့ပြောတာပေါ့"

"ဟုတ်လာထိုင်ပါအုံးရှင့် ဖြူ အအေးသွားယူလိုက်အုံးမယ်"

'နေနေ မလိုဘူး ညည်းကိုရှင်းရှင်းဘဲပြောမယ်
ငါတို့သမီးနဲ့ညည်းကိုလုံးဝသဘောမတူနိုင်ဘူးနော်
ငါ့သမီးက ခေါင်းမာတော့ပြောမရဘူး ညည်းဘက်ကနောက်ဆုတ်ပေးပါ "

"ဖြူတို့က လက်ထက်ပြီးပြီ"

'တရားဝင်မဟုတ်ဘူးလေ ငါတို့ဘက်က တရားစွဲလို့ရတယ်"

"ဒါပေမယ့် တရားစွဲရင်လဲ နှစ်ယောက်လုံးထောင်ကျမှာဘဲ အပြင်မှာပေးမပေါင်းတော့လဲ ထောင်ထဲမှာသွားပေါင်းမှာပေါ့"

'ညည်း"

မောင့်မေမေကလက်ရွယ်လာတော့
ကြားထဲကထွက်ပေါ်လာတဲ့အသံ

'ဘယ်သူငါ့သမီးကိုလက်နဲ့ရွယ်ရဲတာလဲ"

"ဟင်မေမေ"

'ဒေါ်သင်းဖြူလှိုင်ရောက်လာတာအတော်ဘဲ
ရှင့်သမီးကို ပြန်ခေါ်သွားလိုက်ပါ"

'စိတ်ချပါ ကျမကလဲ ရှင်တို့ရဲ့သမီးနဲ့ ကျမသမီးကိုသဘောမတူနိုင်ပါဘူး ခေါ်သွားမှာပါ
လာသမီးပြန်မယ်"

"ဟင့်အင်းမေမေ သမီးမောင်နဲ့ဘဲနေမယ်"

'သမီးဖြူမေမေကောင်းကောင်းပြောနေတယ်နော်
လာပြန်မယ်"

"ဟင့်အင်းသမီးမောင်နဲ့မခွဲနိုင်ဘူး မောင့်ကိုချစ်တယ်
မောင့်ကိုမထားခဲ့နိုင်ဘူး"

'ညည်းက ညည်းအဖေကိုသတ်တဲ့သူတွေရဲ့သမီးကို ချစ်တယ်ဟုတ်လား ညည်းရူးနေပြီလား"

ဒေါက်တာမမ(Ongoing)Where stories live. Discover now