part-8(U+Z)

1.9K 56 1
                                    

##Unicode##

"မမကြောက်တယ် "

'မကြောက်ပါနဲ့မမရယ်မောင်ရှိတယ်နော် မောင့်လက်ကိုသာတွဲထား
မောင်ရှေ့ကနေ အားလုံးကိုရင်ဆိုင်မယ်
မမသာ မောင့်လက်ကိုမဖြုတ်နဲ့ "

"ဟုတ်"

ဖြူမောင့်လက်ကိုတွဲကာကြောက်စိတ်တွေပိုနေမိသည်။

.....
"မာမီလုံးဝသဘောမတူနိုင်ဘူး "

'ဒယ်ဒီ"

"ဒယ်ဒီလဲလုံးဝဘဲ"

'ဘာလို့လဲ"

"သမီးမိန်းကလေးချင်းတွဲတာ မာမီတို့ဘာမှမပြောဘူး ဒါပေမယ့် ဒေါ်သင်းဖြူလှိုင် ရဲ့သမီး ဖြစ်နေတဲ့အတွက် မာမီတို့လက်မခံနိုင်ဘူး"

"မေမေ့ကြောင့် ဖြူ့ကိုလက်မခံတာ
မေမေနဲ့ အန်တီတို့နဲ့ ဘယ်လိုပတ်သတ်မှုရှိတာလဲ"

ဖြူဝင်မေးမိသည်။

"သိချင်ရင် ညည်းအမေကိုတိုက်ရိုက်သွားမေးပေါ့"

"မောင့်မိန်းကလေးကိုမအော်ပါနဲ့"

"ဒီမှာ သမီး မာမီလုံးဝသဘောမတူဘူးနော်"

'ခုမောင်က မာမီတို့ကို ခွင့်တောင်းနေတာမဟုတ်ဘူး
အသိပေးနေတာ မာမီတို့သဘောမတူလဲ မောင်ကတော့ မမကိုရအောင်ယူမှာဘဲ"

ဖြန်းး!!

'မာမီ!! မောင့်ပါးကိုရိုက်တယ်
မာမီမှာ ရိုက်ခွင့်ရှိလို့လား မောင်ရိုက်ခွင့်ပေးသလား"

"ကိုယ့်သမီးကိုရိုက်တာ ခွင့်ပြုချက် လိုသလား ငါကမင်းအုပ်ထိန်းသူဘဲ"

'တခြားသူတွေအတွက်တော့ မသိပေမယ့် မာမီတို့အတွက်တော့လိုတယ် မာမီတို့ဘယ်တုန်းက မောင့်ဘက်ကိုကြည့်ပေးခဲ့လဲ မောင့်အနားရှိခဲ့ဖူးလဲ
မောင့်အုပ်ထိန်းသူလို့ခေါ်ဖို့တောင်မာမီတို့ထိုက်တန်လို့လား"

"ဟန်နီမောင်!!!"

မာမီ မောင့်ကိုထပ်ရွယ်တာမို့
ပါးကိုပိုတိုးပေးလိုက်သည်။

'ဘာလဲ ထပ်ရိုက်အုံးမလို့လား ရိုက်လေ ရိုက်လိုက်စမ်းပါ"

"အပေါ်တက်တော့ နင့်အခန်းထဲနင်ဝင်တော့"

ဒေါက်တာမမ(Ongoing)Where stories live. Discover now