part-17(U+Z)

1.1K 76 2
                                    

##Unicode##

မောင်နဲ့ဖြူ ေရွှလိပ်​ြပာဟိုတယ်ကိုရောက်တော့ မောင်က ဖြူ့ကိုဓာတ်ပုံရိုက်ပေးချင်တယ်ဆိုလို့ရိုက်ဖြစ်ကြသေးသည်။

ဟိုတယ်ရေှ့မျက်နှာစာ​ တွင် ရွှေရောင်လိပ်ပြာပုံအကြီးကြီးက လှပစွာနေရာယူထားပြီး သူ့ကိုနောက်ခံထားကာရိုက်ထားသည့် ဖြူ့ပုံလေးကပိုလှသည်။

အတော်ကြာ ဓာတ်ပုံရိုက်ပြီးမှ ဟိုတယ်ထဲဝင်ခဲ့ကြသည်။အဝတ်စားလှဲဖို့ မောင်ကအိမ်ကို တခါတည်း ဝင်ယူခဲ့​သေးသည်။မောင်နဲ့ဖြူတစ်လှည့်စီ ရေချိုးအဝတ်စားလှဲပြီး ဟိုတယ်ကစီစဥ်ပေးသည့် ညနေစာအတူသွား
စားခဲ့ကြသည်။

မောင်ဖြူ့မေမေကို စောနကအဝတ်ဝင်ယူတော့အကြောင်းစုံ ပြောခဲ့ပေမယ့် သိပ်တော့သဘောမကျပုံ။

မောင်တို့အခန်းတွင်းတွင်...

"အန်တီ..."

ကုတင်ထက်တွက်လှဲလျောင်းနေသည့်အန်တီက ထလာကာမောင့်ပုခုံးလေးပေါ်လာမှီသည်။

"ပြောလေမောင်"

"မောင့်ကိုအန်တီတို့အကြောင်းပြောပြမယ်ဆို"

"ဘာတွေလောနေတာလဲရှင်ရယ်"

"မဟုတ်ပါဘူး။စိတ်ဝင်စားနေလို့ပါ။"

ထိုစဥ်ပိုက်ဆံအိတ်ထဲက မောင့်ဖုန်းမြည်လာသည်မို့ မောင်ကြည့်လိုက်တော့ ဒယ်ဒီပင်။

"အန်တီ ခဏနော် ဒယ်ဒီနဲ့ဖုန်းပြောလိုက်အုံးမယ်"

"အ​ွန်း"

မောင် အန်တီ့ကိုထားခဲ့ကာအပြင်ထွက်ဖုန်းပြောခဲ့သည်။

ဖြူ့အရှေ့တွင်ပြောလို့မဖြစ်ပေ။ဒယ်ဒီဖုန်းဆက်ရင် မပြောမဖြစ်ပြောတတ်သည်က...

"သက်ကရာဇ်မောင်!!..."

"ဗျာ..ဖြည်းဖြည်းပြောပါဒယ်ဒီရာ"

"မင်းပြန်မလာတော့ဘူးလား"

"ဟာဘာလို့လဲဒယ်ဒီ။"

"မင်းလူနာကကောင်းပြီမလား။ဒီကဆေးရုံမှာ မင်းကိုလိုတယ်လေကွာ။"

"ဒယ်ဒီ!!ဒီကိုအတင်းလွှတ်တာဘယ်သူလဲ။ခုတော့လဲအတင်းပြန်ခေါ်နေပါ့လား။"

ဒေါက်တာမမ(Ongoing)Where stories live. Discover now