part-22(U+Z)

1.8K 92 11
                                    

##Unicode##

မောင် မောင်းနှင်လာသည့်ကားလေးဟာ ဖြူ့အိမ်ဝန်းထဲ၌ရပ်တန့်သွားခဲ့သည်။မောင်ကားပေါ်မှ ဆင်းကာအိမ်ထဲအပြေးလေးဝင်လာခဲ့သည်။

"မင်းဘာလာလုပ်တာလဲ "

ဒေါ်သင်းဖြူလှိုင်မှမောင့်အားမြင်သည်နှင့် မကျေမချမ်းဖြစ်နေသည်။

"အန်တီဖြူ ဆီလာတာပါ။"

"ငါ့သမီးကမင်းနဲ့တွေ့ချင်မှာမဟုတ်ဘူး"

"ဒါကိုသူဘဲဆုံးဖြတ်ပါလိမ့်မယ်"

မောင်ပြောကာ အန်တီရှိမည့် အပေါ်ထပ်က အခန်းသို့ခြေလှမ်းကျဲတွေနှင့်တက်လာခဲ့သည်။ဒေါ်သင်းဖြူလှိုင်လည်း တားမရ​ေတာ့ လွှတ်ပေးရှာသည်။

အန်တီ့အခန်းရောက်တော့ မောင်တံခါးခေါက်လိုက်သည်။

ဒေါက်!!...ဒေါက်!!

"ဘယ်သူလဲ"

အထဲမှအန်တီ၏အသံဟာတိုးဖျော့ဖျော့ မောင်အန်တီ့ကိုစိတ်ပူမိသည်။အန်တီကိုပြစ်ထားခဲ့မိတာဘဲ။

တံခါးဂျက်မချထားသည်မို့ ဖွင့်ဝင်ခဲ့လိုက်သည်။

မောင်အထဲရောက်တော့ အန်တီကကြမ်းပြင်တွင်လှဲ
​ေလျာင်းနေသည်။

"အန်တီ!!"

မောင့်ကိုမြင်တော့ အန်တီမျက်နှာမှာ
ဒေါသတွေအပြည့်။

မောင်အန်တီကိုတွဲထူပွေ့လိုက်သော် အန်တီကမောင့်လက်တွေကိုဖြုတ်ချသည်။

"သွားစမ်းပါ ငါ့အသားကိုလာမထိနဲ့"

"အန်တီ"

"မခေါ်နဲ့!!"

"မောင်တောင်းပန်ပါတယ်အန်တီ"

"မင်းအခုချက်ချင်းငါ့ရှေ့ကထွက်သွား"

"ဘာလို့လဲအန်တီ။မောင့်မှာဘာအပြစ်ရှိလို့လဲ။"

"မင်းကိုယ့်အမှားကိုယ်မသိဘူးလား"

"မောင်အမှားလုပ်မိတာဆို အန်တီကိုမပြောဘဲအိမ်ပြန်သွားမိတာဘဲရှိတယ်။ဒါကလဲ ဒယ်ဒီအတင်းခေါ်လို့ပါ။ခုမောင်ပြန်ရောက်လ​ာပြီလေ"

"ဘာလဲ တစ်ကြိမ်ထဲသတ်တာအားမရလို့။အော်မဟုတ်ဘူး။တစ်ကြိမ်သတ်ပြီးပြီ ဒုတိယအကြိမ်ထပ်သတ်တာအားမရသေးလို့ တတိယအကြိမ်ပြန်သတ်ဖို့ရောက်လာတာလားမောင်"

ဒေါက်တာမမ(Ongoing)Where stories live. Discover now