part-2(U+Z)

2.7K 93 1
                                    

##Unicode##

အာရန်ဖြစ်ချင်ပါတယ်ဆိုနေကွာ ဒီနေ့မှ ဘယ်သူမှရန်လာမစကြဘူး ငါဒေါက်တာမမဆီဘယ်လိုသွားရမလဲ ကြံစမ်း.. ဟူးစိတ်ညစ်ပါတယ်ကွာ

မောင် ခုံတန်းလေးမှာဝင်ထိုင်နေချိန် ဖြတ်သွားတဲ့အဘွားတစ်ယောက် လှဲမလိုဖြစ်တာနဲ့ အမြန်လေးကူထိန်းပေးလိုက်ရသည်။

"အဘွားရရဲ့လား"

"အေးအေး ရပါတယ်ကွယ် နေကပူတော့ နဲနဲမိုက်ကနဲဖြစ်သွားတာပါ အဘွား က သွေးတိုးရှိတယ်လေ

"သတိထားမှပေါ့ အဘွားရဲ့"

ဟုတ်ပြီ ဒါကဒေါက်တာမမဆီ သွားဖို့အခွင့်ရေးဘဲ

"အဘွားသက်သာရဲ့လား မသက်သာရင် ဆေးခန်းသွားမလား က​ျုပ် လိုက်ပို့ပေးမယ်လေ"

"ရပါတယ် အဘွားခနထိုင်လိုက်ရင်သက်သာပါတယ်"

"အာမဟုတ်တာ အဘွားကြည့်ရတာ မသက်သာသလိုဘဲ လာပါ ကျုပ် ဆေးခန်းလိုက်ပို့ပေးမယ်"

"ရ ..ရပါတယ်"

"လာပါဗျာ ကျနော့်ကိုအားမနာ ပါနဲ့ လမ်းလျှောက်လို့ဖြစ်ရဲ့လား ကျနော်ကုန်းပိုးသွားရမလား"

"လမ်းဘဲလျောက်ပါမယ်ကွယ်"

(မောင်တို့ကဇွတ်နော် )

အဘွားကိုအတင်းတွဲပြီး ဒေါက်တာမမဆေးခန်းကို အမြန်ဆုံးခေါ်ခဲ့တော့သည်။ အဘွားကကယ်တင်ရှင်ဘဲ ဒေါက်တာမမကိုတွေ့ရဖို့ နတ်တွေကဖန်ဆင်းပေးလိုက်တာဖြစ်မည်။

မရတော့ဘူးမွန်နေပြီ ဒေါက်တာမမကိုမမြင်ရရင် မနေနိုင်တဲ့ရောဂါဖြစ်နေပြီ...

ဆေးခန်းတွင်ဖြူတစ်ယောက်..

ဒီနေ့တော့ ဟိုလူဆိုးမလေးရောက်မလာပါလား
လိမ်မာသွားတာလား ဒါမှမဟုတ်စောသေးလို့လား
စောင့်ကြည့်ရအုံးမည်။

ဟင်ပြောလို့တောင်မဆုံးသေး..

"ဒေါက်တာမမ!!"

'အော် ငါကဒီနေ့တော့ နင်မလာတော့ဘူးထင်နေတာ ရောက်လာသေးသားဘဲ"

"ကျ‌ုပ်ကိုလွမ်းနေတယ်ပေါ့"

"ဆုတောင်းလေ ဒီနေ့ကော ဘယ်နားပြဲလာလဲ"

ဒေါက်တာမမ(Ongoing)Where stories live. Discover now