part-16(U+Z)

1.1K 84 6
                                    

##Unicode##

မောင်နဲ့ ဖြူ လဲ ​ြပင်ဆင်ပြီး အငှားဆိုင်ကယ်နဲ့ မြို့ထဲ
ထွက်လာ​ကြသည်။

ဘုရားတွေကော သွားဖို့စိတ်ကူးထားတာမို့ နှစ်ယောက်လုံးကမြန်မာဝတ်စုံတွေသာဝတ်ဆင်ခဲ့သည်။ဖြူက အဖြူရောင်မြန်မာရင်ဖုံးအင်ကျီလေးနဲ့အပြာနုရောင်ချိတ်ထဘီလေးကို ဝတ်ဆင်ထားသည်။ကျောလည်လောက်ရှိသည့်ဆံပင်ကိုဖြန့်ချထားကာပါးနှစ်ဖက်တွင်လဲ မောင်ကိုယ်တိုင်သွေးလိမ်းပေးထားသည့် ရှင်မတောင်သနပ်ခါးလေးကနေရာယူထားသည်။
နှုတ်ခမ်းနီကိုလဲ အနီရောင်ခပ်ပါးပါးလေးဆိုးထား​​သေး
သည်။

မောင်ကတော့ တီရှပ်လက်ရှည်အဖြူလေးရယ် ယောပုဆိုးပြာလေးရယ်ကိုလိုက်ဖက်ညီစွာတွဲဝတ်ထားသည် ။မောင်က tachi type ဖြစ်တာကြောင့် ခုလိုလဲဝတ်စားတတ်သည်။ပုံမှန်ဆိုရင်တော့ဘောင်းဘီဝတ်တာပါ။
တီရှပ်လက်ရှည်ကိုတံတောင်နားထိခေါက်တင်ထားပြီး
သူမပါးထက်တွင်လဲ မမကသနပ်ခါးလေးလူးပေးထားသည်။မောင်ဆံပင်ဟာ ခုလက်ရှိတာချီလေးတွေရဲ့ကေသာပြေးမြင်လိုက်ပါ။ မောင့်နှုတ်ခမ်းကနီပြီးသားမို့နှုတ်ခမ်းနီတော့ထပ်မဆိုးခဲ့။

သူမတို့နှစ်ဦးဟာတကယ်ကိုစုံတွဲလိုပင် လိုက်ဖက်ညီလွန်းပါသည်။

လမ်းတစ်လျှောက်လုံးတောင်နေကြာတွေကအစွမ်းကုန်ပွင့်လန်းနေကြသည်။

မောင်တို့အရင်ဦးစွာ ဒေါ်နန်းကြည့်တောင်ကိုတက်ခဲ့ကြသည်။ တောင်ပေါ်ကနေ ရှုခင်းကိုငေးမောရသည်မှာ
အေးချမ်းလိုက်လေခြင်း။တောင်တွေအားလုံးဟာ တောင်နေကြာတွေကြောင့် ရွှေတောင်လို တစ်တောင်လုံးအဝါရောင်သန်း နေကြသည်။

ထို့နောက် ပင့်ကူတောင်ကိုထပ်မံတက်ခဲ့သည်။ကြားဖူးတာတော့ အဲ့ဒီတောင်နှစ်တောင်ကို တစ်ရက်ထဲပြိုင်တူမတက်ကောင်းဘူးတဲ့။
ဒါပေမယ့် မောင်တို့တက်ဖြစ်ခဲ့သည်။တစ်တောင်ပေါ်ရောက်ရင် တစ်တောင်အကြောင်းမပြောရင် ဘာမှမဖြစ်ဘူးလို့လဲ ကြားဖူးသည်လေ။

တောင်တက်ရတာပင်ပန်းပေမယ့် မမအပြုံးတွေ
ကြောင့် ပင်ပန်းရကျိုးနပ်ပါသည်လေ။

ဒေါက်တာမမ(Ongoing)Where stories live. Discover now