part-24(U+Z)

1.9K 89 11
                                    

##Unicode##

"မမနွယ် မောင်ဆေးခန်းသွားတော့မယ် နေ့ခင်းမမနွယ်တစ်ယောက်ထဲပျင်းနေရင် မမနွယ်မိဘတွေဆီအလည်လေးဘာလေးသွားပေါ့။"

"နွယ် မောင့်ဆေးခန်း လိုက်ခဲ့လို့ရမလားဟင်"

"ဘယ်ရမလဲမမနွယ်ရဲ့ လူနာတွေနဲ့ရှုပ်နေမှာ ဆေးနံ့တွေနဲ့မမနွယ် နေရခက်နေပါလိမ့်မယ်"

"ဟွန့် မောင်မခေါ်ချင်လို့မဟုတ်လား"

"အမှန်တိုင်းပြောရရင်တော့ မောင်မခေါ်ချင်ဘူး
မောင်တို့ကလက်ထက်ထားပြီး​တော့ မောင့်မိန်းမက မောင့်ကိုဘဲကပ်နေတယ်လို့ လူတွေပြောကြမှာမျိုးအဖြစ်မခံနိုင်ဘူး။အဲ့လိုလဲမောင်သဘောမကျဘူး။"

"အွန်းပေါ့လေ ဘယ်သဘောကျပါ့မလဲ နွယ်က မောင်ချစ်လို့ယူထားတဲ့မိန်းမမှမဟုတ်တာ"

"မမနွယ် မောင့်ကိုနားလည်ပေးစေချင်ပါတယ်"

"နွယ်နားလည်တာမို့ မောင် သွားစရာရှိတာသွားပါ နွယ်အပေါ်တက်ပြီးနားတော့မယ်"

"ဒါဆို မောင့်ကိုခွင့်ပြုပါအုံး"

"အွန်း"

မောင်ပြောပြီးထွက်သွားခဲ့သည်။ ကျန်ခဲ့သူအဖို့တော့
ဝမ်းနည်းစိတ်တွေဖုံးလွမ်းနေပြီ။နွယ်ဘာမှအများကြီးမမျှော်လင့်ပါဘူး။ကိုယ်ချစ်ရသူဆီကရတဲ့ဂရုစိုက်မှု နွေးထွေးမှုနဲ့အချစ်ခံရမှုပါဘဲ။ဒါဘဲနွယ်လိုအပ်တာပါ။

ဒါတွေကိုမောင်နားလည်နိုင်မည်မထင်။

....
မောင်ဆေးခန်းသို့ရောက်သော်..

"ဟင် အန်တီဖြူ.."

"မောင် ဆေးခန်းလာပြတာလား။
ဒါမှမဟုတ်..."

အန်တီကမောင့်လက်ဆွဲအိတ်လေးမြင်တော့ နားလည်သလိုအနေအထားမို့..

"ဟုတ်တယ် ဒီမှာဆေးခန်းလာထိုင်တာ"

"အော်"

"အန်တီကကော"

"မင်းလိုဘဲ"

"အော်"

မောင်တို့စကားစပျက်သွားပြီး အကြည့်တွေလဲမရှောင်လွှဲနိုင်သေးခင်မာပင် လူတစ်ယောက်မှအမောတကောပြေးလာပြီး စကားဆိုသည်။

ဒေါက်တာမမ(Ongoing)Where stories live. Discover now