part-11(U+Z)

3.3K 80 7
                                    

##Unicode##

"မောင့်ကိုရွေးချယ်ပြီးပြီမို့ မောင်ဘာလုပ်လုပ် မက မောင့်ဘက်ကပါ တကယ်လို့ မောင်က မမအဖေကိုမကလို့ မမကိုသတ်အုံးတော့ မမအသေခံလိုက်မှာ မောင်ဖြစ်နေလို့ မ မောင့်ကိုအဲ့လောက်ချစ်တာပါ.."

'မမကိုသတ်စရာလား မောင်က အဟွတ်!!
မောင်ကလူဆိုးပေမယ့် လူမိုက်​တော့ဟုတ်ဘူး။
လူတော့မသတ်ရဲဘူးဗျကြောက်တယ်ဟီး။
မောင့်မိဘတွေကသာ မမဖေဖေကိုဘာလို့သတ်ခဲ့လဲမောင်စဉ်းစားမရတာ သူတို့ကြောင့်မောင်တို့ဝေးရတာ မမမောင့်ကိုထားသွားတာမောင့်ကို မုန်း...."

"ဒီကိစ္စမှာ မောင်နဲ့ဘာမှမဆိုင်ပါဘူး မိဘတွေကြားက ဘာမှန်းမသိတဲ့ပြဿနာတစ်ခု ပါ
မမမှာ မောင့်ကိုချစ်တဲ့စိတ်တစ်ခုကလွဲလို့ ကျန်တာဘာမှမရှိပါဘူး မောင့်ကိုမုန်းလဲ မမုန်းသလို ကလဲ့စားချေချင်စိတ်လဲမရှိပါဘူးမောင်ရယ် ဒါကိုတော့ယုံပေးပါနော်"

'ယုံပါတယ် ချစ်တယ်နော်မ အဟွတ်!! ‌မပေါင်ပေါ်မောင့်ကိုသိပ်ပါလား မောင်အိပ်ချင်တယ် အဟွတ်!! "

*မ ကိုယ်ကို မသတ်ပေမယ့် မောင်က မစိတ်ကိုတော့သတ်သွားတယ် မမအသက်ထက်ချစ်ရတဲ့မောင့်ကို မမရှေ့မှာခုလို မြင်ရတာ ဒီမြင်ကွင်းကမမကိုအကြိမ်ကြိမ်သေစေပါတယ်မောင်ရယ်*

"ခနနော် မမအရင်ထိုင်အုံးမယ်"

ဖြူမောင့်ကုတင်ပေါ်တက်ပြီးတင်ပလွေထိုင်ကာ

"လာရပြီ မပေါင်ပေါ်မောင့်ခေါင်းလေးတင်"

မောင့်ဆံပင်လေးတွေကိုသပ်ပေးရင်း မျက်ရည်မကျအောင်ထိန်းထားရတာ ပင်ပန်းလိုက်တာ

'မ..အဟွတ်!! "

"‌ရှင်""

'မောင်အိပ်လို့ပျော်အောင် မောင့်ကိုချော့သိပ်ပါလား

"ချော့သိပ်မှာပေါ့ မောင်မျက်လုံးလေးမှိတ်ထားနော်
ဘယ်သချင်းလေးနဲ့ချော့သိပ်ရမလဲ"

'မောင်Bl ficတစ်ခုဖတ်ဖူးတယ် အဲ့ထဲမှာမင်းသားကအိပ်ချင်လို့သူ့ကောင်လေးကချော့သိပ်တဲ့သီချင်းအရမ်းကောင်းတာ မောင်ခနခန နားထောင်ဖြစ်တယ်

ဒေါက်တာမမ(Ongoing)Where stories live. Discover now