part-25(U+Z)

946 36 11
                                    

##Unicode##

အန်တီဖြူ လက်ထက်ပွဲနေ့မတိုင်ခင် နှစ်ရက်အလို.....

"မမနွယ်"

"ပြောလေမောင်"

"မမနွယ်ကိုပြောပြစရာတွေရှိတယ်။ပြောပြဖို့အချိန်တန်ပြီလို့လဲထင်တယ်"

"ဘာများလဲမောင်"

မောင်အကြောင်းစုံကိုမမနွယ်ကိုရှင်းပြလိုက်သည်။အရင်ဘဝကအကြောင်းအရာတွေအပါအဝင်ပေါ့။

"ဒါဖြင့် မောင်ကဘာလုပ်ချင်လို့လဲ"

"မောင် အန်တီဖြူကိုချစ်နေမိပြီထင်တယ်မမနွယ်"

"သေချာရဲ့လားမောင်ရယ်။စိတ်ပျော်​ေစရာ ခံစားချက်
တစ်ချို့ကိုတော့ အချစ်လို့ခေါင်းဇဥ်မတပ်သင့်ဘူးနော်။"

"ဟင့်အင်း တကယ်ပြောတာ မောင်အန်တီဖြူကိုချစ်တယ်။ဘယ်လိုလဲတော့မောင်မပြောတတ်ဘူး။ဒါပေမယ့်အန်တီဖြူကိုဆုံးရှုံးရမှာမောင်ကြောက်တယ်"

"ဒါနဲ့များမောင်ရယ် အစောတည်းကဝန်ခံရောပေါ့။
ခု​ေတာ့အားလုံးလွန်ကုန်ပြီ။ဘယ်လိုလုပ်မလဲ"

"မောင်တောင်းပန်ပါတယ်။မောင်ဘာလုပ်ရမလဲမောင်မသိတော့ဘူး။"

"သူ့ကိုမေ့လိုက်ပါတော့။သူလဲသူ့ဘဝနဲ့သူ မောင်လဲမောင့်ဘဝနဲ့မောင်ဖြစ်နေပြီလေ။"

"ဒါပေမယ့် မောင်ဘယ်လိုမှအဆင်ပြေမနေဘူးမမနွယ်။"

ချစ်ရသူလေးကအဆင်မပြေဘူးဆိုတော့ နွယ်လဲဘယ်အဆင်ပြေပါ့မလဲ။

"နွယ်ဘယ်လိုလုပ်ပေးရမလဲ"

"မောင်တို့ကွာရှင်းရအောင်မမနွယ်"

သွေးအေးစွာပြောလာတဲ့မောင်ရယ်။နွယ်မောင့်ကိုတအ့ံတသြကြည့်လိုက်သော်လည်း မောင်ကအေးစက်လျက်ပင်။

"မောင်ရယ် ဘယ်လိုပြောလိုက်တာလဲ။ကွာရှင်းဖို့ မဖြစ်နိုင်လိုက်တာ"

"လုပ်ပါမမနွယ်ရယ်နော်။မောင်နဲ့မမနွယ်က ချစ်မှမချစ်ကြတာ။ကွာရှင်းရအောင်နော်"

မချစ်တာကမောင်လေ။နွယ်ကမောင့်ကိုချစ်တယ်မောင်ရဲ့မောင်သာမသိတာ။ထုတ်မပြတာဘဲရှိမယ် နွယ်မောင့်ကိုချစ်တယ်။မောင်​ပြန်ချစ်လာအောင်လဲ ကြိုးစားချင်တယ်။

You've reached the end of published parts.

⏰ Last updated: Jun 08 ⏰

Add this story to your Library to get notified about new parts!

ဒေါက်တာမမ(Ongoing)Where stories live. Discover now