##Unicode##
မောင် အခု ဒယ်ဒီ့ဆေးရုံမှာအလုပ်စဝင်နေပြီဖြစ်သည်။
ဆေးရုံ၏အပေါ်ဆုံးအထပ်က ရုံးခန်းတစ်ခုအတွင်းတွင် မောင်ရောက်ရှိနေပြီ။
မောင်အန်တီဆီကထွက်လာပြီးနောက် အလုပ်ကိုသာစိတ်နင့်ထားခဲ့သည်မှာကြာခဲ့ချေပြီ။"ဒေါက်တာ"
သူနာပြုဆရာမလေးရဲ့ခေါ်သံကြောင့်...
"အော်ဆရာမ.."
"ကျွန်မအပြင်ကနေတံခါးခေါက်သေးတယ်။အသံမပေးတာနဲ့ ဘာများဖြစ်သလဲလို့ဝင်ခဲ့လိုက်တာ။"
"အော်ဟုတ်ကဲ့။ကျွန်တော်အာရုံများနေတာနဲ့ မကြားလိုက်ဘူးဖြစ်သွားတယ် တောင်းပန်ပါတယ်။"
"ရပါတယ်ဒေါက်တာ။ဆေးရုံအုပ်ကြီးကခေါ်ခိုင်းလိုက်လို့ပါ"
"အော်ဟုတ်ကဲ့ဗျ။ကျွန်တော်ထွက်လာခဲ့ပါ့မယ်။"
"ဟုတ်ကဲ့ရှင့် ကျွန်မကိုခွင့်ပြုပါအုံး။"
"ကောင်းပါပြီ"
ဆရာမထွက်သွားတော့ မောင်လဲလိုအပ်တာလေးတွေယူကာ ဒယ်ဒီဆီထွက်လာခဲ့သည်။ဒယ်ဒီအခန်းထဲရောက်တော့ဒယ်ဒီက ဘာတွေအလုပ်များနေလဲမသိ မောင့်ကိုတောင်မကြည့်အား။
"ဒယ်ဒီ ခေါ်တယ်ဆို"
မောင်စကားစလိုက်တော့မှ ဦးသိန်းထိုက်က မောင့်ကိုမော့ကြည့်လာသည်။
"အေး။ဒီနေ့ညနေ dinnerတစ်ခုကိုအတူသွားရမယ်"
"ဗျာ မောင်မလိုက်ချင်ဘူး"
"မလိုက်လို့မရဘူး"
"ဒယ်ဒီကလဲဗျာ"
"ငါထပ်မပြောဘူးသက္ကရာဇ်မောင်"
"ကျစ်!! ပြီးရောဗျာ။ဒါဘဲမလား သွားပြီ"
"အေး"
မောင်လဲဆက်မပြောလိုသဖြင့်ထွက်လာခဲ့တော့သည်။
ဦးသိန်းထိုက်လဲ ေမာင်ထွက်သွားတော့မှလုပ်လက်စတွေဆက်လုပ်နေချိန်..ဖုန်းဝင်လာသည်မို့
အလုပ်တွေရပ်ကာဖုန်းကောက်ကိုင်လိုက်သည်။"ဟဲလို ဟုတ်ကဲ့ ဦးသိန်းထိုက်ပြောနေပါတယ်။
အော်ဟုတ်ကဲ့ဗျ လာဖြစ်တယ်။ဟုတ်ပါပြီဗျ
ညနေမှတွေ့မယ်။"
![](https://img.wattpad.com/cover/356658107-288-k189625.jpg)
YOU ARE READING
ဒေါက်တာမမ(Ongoing)
लघु कहानीမောင်ပြန်လာမည်မဟုတ်လား။ မမ ဒီကဘဲစောင့်နေမယ်နော်။ ေတာ်ကြာ မမ လိုက်လာမှ မောင်လာခိုက်နဲ့ကြုံနေရင် မမတို့လွဲရချည်ရဲ့။ အစက S-2ဆိုပြီးပြန်ရေးမလို့ပါဘဲ။ဒါပေမယ့် ဒါလေးကအပိုင်းနည်းနေတော့ ဒီမှာဘဲဖြည့်ရေးလိုက်တော့မယ်။(ongoingလိုက်ပေးကြပါနော်) နောက်တစ်ဘဝအနေနဲ...