##Unicode##
စားသောက်ပြီးတော့ ဒေါ်သင်းဖြူလှိုင်က မောင့်အားအခန်းတစ်ခန်းဆီခေါ်သွားခဲ့သည်။
မောင်ကဆေးလွယ်အိတ်လေးကိုင်လို့..နောက်က
လိုက်လာခဲ့သည်။စိတ်လှုပ်ရှားမှု အပြည့်နဲ့ပေါ့။
ဆယ်တန်းအောင်စာရင်းထွက်တုန်းကတောင် ဒီလောက်ရင်မခုန်ရဘူး။အခန်းတံခါးကိုဖွင့်လိုက်ချိန် မြင်တွေ့လိုက်ရသည့်မြင်ကွင်းက မောင့်ရင်ကိုစို့နင့်သြားေစသည်။
အမျိုးသမီးတစ်ဦးကို ကြိုးနဲ့ချည်ထားသည်တဲ့လား။
ဘယ်လိုဘဲ စိတ်ရောဂါသည်ဖြစ်ပါစေ ဒီလောက်ထိတော့လုပ်ဖို့မလိုဘူးလေ။မောင်ဆေးလွယ်အိတ်ကို အနားရှိစားပွဲတွင်တင်လိုက်ပြီး သူမအနားတိုးသွားခဲ့သည်။
ထိုစဥ် ဒေါ်သင်းဖြူလှိုင်၏ ဟန့်တားသံကိုကြားလိုက်ရသည်။
"အနားအရမ်းမကပ်နဲ့ မင်းကိုတစ်ခုခုလုပ်လိမ့်မယ်"
မောင် ဒေါ်သင်းဖြူလှိုင်စကားကြောင့် ခြေလှမ်းတွေရှေ့မဆက်နိုင်။သို့သော် သူမအခြေအနေသိရဖို့ စမ်းရမှ ရလိမ့်မည်မဟုတ်လား။
ဒေါ်သင်းဖြးလှိုင်က မောင့်အား ထားခဲ့ကာ အပြင်သို့ထွက်သွားခဲ့သည်။မောင်ဘာဆက်လုပ်ရမည်နည်း။
မောင် သူမအနားကိုအရဲစွန့်ကာတိုးသွားခဲ့သည်။
ထိုစဥ်...
"သွား!! ထွက်သွား ငါ့နားမလာနဲ့ သွား!!"
သူမရုန်းရင်းဆန်ခတ် ထအော်ကာ အနားရှိပစ္စည္းတွေ
နှင့် ကောက်ပေါက်သည်မို့ မောင်အနောက်သို့ဆုတ်လိုက်ပြီး ရှောင်လိုက်ရသည်။သူမကောက်ပေါက်လာသော စာအုပ်ကို မောင်ကောက်ကြည့်လိုက်တော့ သူမ၏ဒိုင်ယာရီစာအုပ်ဖြစ်နေသည်။
မောင်စာရွက်အနည်းငယ်လှန်ဖတ်ကြည့်လိုက်မိသည်။
မောင်နည်းလမ်းတွေ့ချေပြီ။
မောင့်အခန်းသို့ခဏပြန်လိုက်ပြီး ပြင်ဆင်စရာရှိတာပြင်ဆင်ခဲ့သည်။
မောင် သူမအခန်းထဲြပန်ရောက်တော့....
"ဒေါက်တာမမ..."
![](https://img.wattpad.com/cover/356658107-288-k189625.jpg)
YOU ARE READING
ဒေါက်တာမမ(Ongoing)
Short Storyမောင်ပြန်လာမည်မဟုတ်လား။ မမ ဒီကဘဲစောင့်နေမယ်နော်။ ေတာ်ကြာ မမ လိုက်လာမှ မောင်လာခိုက်နဲ့ကြုံနေရင် မမတို့လွဲရချည်ရဲ့။ အစက S-2ဆိုပြီးပြန်ရေးမလို့ပါဘဲ။ဒါပေမယ့် ဒါလေးကအပိုင်းနည်းနေတော့ ဒီမှာဘဲဖြည့်ရေးလိုက်တော့မယ်။(ongoingလိုက်ပေးကြပါနော်) နောက်တစ်ဘဝအနေနဲ...