part-19(U+Z)

1K 63 1
                                    

##Unicode##

"မောင် "

"ဗျာ..."

"ဟိုးမှာမြင်နေရတဲ့တောင်က နတ်သမီးတောင်တဲ့။"

အန်တီညွှန်ပြသည့်နေရာကို ​ေမာင် လှမ်းကြည့်လိုက်မိတော့ စေတီပုံစံ တောင်လေးကိုတွေ့ရသည်။တောင်လေး၏ထိပ်ဆုံးတွင်ဘုရားတည်ထားဟန်တူရဲ့ အဖြူရောင်စေတီလေးကိုလှမ်းမြင်နေရသည်။

"သပ္ပါယ္သားနော်။"

"အင်း။"

"အန်တီအဲ့ကိုရောက်ဖူးလား။"

"ဟင့်အင်းမရောက်ဖူးသေးဘူး။"

"အော်။"

"အဲ့ဒီတောင်က ရာဇဝင်တွေရှိတယ်မောင်ရဲ့။"

"ဟင်ဘယ်လိုရာဇဝင်လဲ။"

အန်တီက ပိန္နဲပင်အောက်က ခုံတန်းလေးမှဝက်ထိုင်သည်မို့ မောင်လဲအန်တီ့ဘေးတွင်ဝင်ထိုင်လိုက်သည်။

"တို့လဲသေချာတော့မသိဘူး။ဒါပေမယ့် အဲ့ဒီတောင်ကိုတက်ဖို့ဆိုရင် တောင်ကကျောက်တောင်ဆိုတော့ ခဲလုံးတွေကလှုပ်တယ်တဲ့ အန္တရာယ္များတယ်ပေါ့မောင်ရယ်။"

"ဒါဖြင့် ဘုရားဘယ်လိုတည်ထားတာလဲ။ "

"တစ်ချို့ကျတော့လဲ လမ်းကဖြောင်းဖြူးနေတာဘဲတဲ့။ တချို့ကျတော့ လမ်းခက်တယ်တဲ့။လူကြီးတွေပြောကြတာတော့ လူကောင်းတွေသွားရင်
ဘာမှမ​ဖြစ်ဘဲ မကောင်းတဲ့သူတွေသွားမှ ခဲတွေလှုပ်တယ်ထင်ရဲ့။"

"စိတ်ဝင်စားစရာဘဲနော်။အဲ့မှာဘာတွေရှိလဲ။"

"တို့သိသလောက်ပြောရရင်တော့အရင်က ဒီတောင်ကိုစောင့်ရှောက်တဲ့ နတ်သမီးလေးပါးရှိပြီး
ခုတော့ သုံးပါးဘဲကျန်တော့တာ တစ်ပါးကရွာထဲမှာလူဝင်စားနေတယ်ဆိုဘဲ။ "

"ဟင်အဲ့လိုတွေလဲရှိတာလား။"

"အင်း။ပြီးတော့ အဲ့ဒီတောင်မှာ ရတနာသိုက်ရှိပြီး အရင်ကလူသားတွေက အလှူပွဲ အတွက်လက်ဝတ်လက်စားတွေ သွားငှားကြတယ်။
နောက်ပိုင်းကျ ယူပြီး ပြန်မထားကြတော့တာနဲ့
ရတနာတံခါးပိတ်သွားတာတဲ့။ "

"လူတွေကအဲ့လိုပါဘဲ။ကိုယ့်အပိုင်မဟုတ်ဘဲမတရားလိုချင်ကြတာလေ။"

ဒေါက်တာမမ(Ongoing)Where stories live. Discover now