part-12(U+Z)

1.3K 70 5
                                    

##Unicode##

နှစ်နှစ်ဆယ်ကျော်ကြာပြီးနောက်.....

အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းအတွင်းတွင် အမျိုးသမီးကြီးတစ်ဦးနှင့် မိန်းကလေးတစ်ဦး...

"မင်းနာမည်က.."

အမျိုးသမီးကြီး၏ အမေးကို မိန်းကလေးမှာ ချက်ချင်းပင်အဖြေပေးလိုက်သည်။

"သက္ကရာဇ်မောင် ပါ.."

"မင်းအလုပ်ကိုမင်းသိပါတယ်နော်"

သူမအပြောကြောင့် မောင်ခေါင်းငြိမ့်ပြလိုက်ရင်း..

"ဟုတ်ကဲ့သိပါတယ်.."

အမျိုးသမီးကြီးကထရပ်လိုက်ကာ..

"ကောင်းပြီ ငါမင်းနေရမယ့်အခန်းလိုက်ပို့ပေးမယ်။
မနက်ဖြန် မှ အလုပ်စကြတာပေါ့။"

"ဟုတ်ကဲ့ အန်တီ"

မောင် ဒေါ်သင်းဖြူလှိုင်ဆိုသူ၏နောက်သို့ လိုက်လာခဲ့သည်။သူမက မောင့်ကို အပေါ်ထပ်ရှိအခန်းတစ်ခန်းသို့ခေါ်ဆောင်သွားသည်။ မောင်ပစ္စည္းတွေ သယ်ရင်း  စိတ်ထဲတွင်လဲမတင်မကျ။

မောင်ဟာ နိုင်ငံခြားမှာ စိတ်ပိုင်းဆိုင်ရာ နဲ့ကျောင်းပြီးခဲ့ပြီး ဖခင်ဖြစ်သူ၏ ဆေးရုံတွင် အလုပ်လုပ်ဖို့စဥ်းစားထားသော်လဲ ဖခင်ဖြစ်သူ အကူညီတောင်းမှုကြောင့်
သူ့အသိမိတ်ဆွေဖြစ်သူ၏သမီး စိတ်ရောဂါ
ဝေသနာသည်ကို ကုသဖို့ ထိုအိမ်သို့ရောက်ရှိလာခြင်းပင်။

မောင်ဟာ အဆင့်တန်းနိမ့်သူမဟုတ်တဲ့ ဘွဲ့ရပညာတတ် အသိုင်းဝိုင်းကြီးကဖြစ်ပါလျက်
ဒေါ်သင်းဖြူလှိုင်မောင့်အပေါ်ဆက်ဆံသည့်ပုံစံကိုမောင်လုံးဝမကြိုက်ပေ။သို့သော် တာဝန်ဝတ္တရားတွေကြောင့်ထိုအချင်းအရာတွေကိုသည်းခံရပေလိမ့်အုံးမည်။

မောင် ​ေနရမည့်အခန်းသို့ရောက်တော့ သူမက မောင့်ကိုထားခဲ့ကာ ပြန်လှည့်သွားခဲ့သည်။

မောင်လဲအခန်းထဲဝင်ကာ ယူလာတဲ့ပစ္စည္းတွေကို နေရာချပြီး ကုတင်ပေါ်လှဲလျောင်းလိုက်သည်နှင့်
နှစ်ခြိုက်စွာပင်အိပ်ပျော်သွားခဲ့ပြီ။

.......
မောင်နိုးလာတော့ ညနေပင်စောင်းနေပြီ။
ဗိုက်ထဲတွင်လဲ အသံပေါင်းစုံမြည်နေပြီ။
သူစိမ်းအိမ်ဖြစ်တာကြောင့် သူတို့မခေါ်ဘဲမစားရဲတာနဲ့ အပြင်ထွက်စားဖို့သာပြင်လိုက်တော့သည်။
မောင်ရေမိုးချိုးလိုက်ပြီး အပြင်သွားရန်အောက်ထပ်သို့ဆင်းလာခဲ့သည်။

ဒေါက်တာမမ(Ongoing)Where stories live. Discover now