##Unicode##
"အာ့!!... ဖြေးဖြေးလုပ်ပါဗျာ .. နာတယ်ဗျ ခဗျားကလဲ"
မောင် မျက်စောင်းလေးထိုးကာဆူပုတ်ပုတ်လေးနဲ့ ဆိုလိုက်သည်။ဒေါက်တာမမက အတင်းလုပ်နေတာကိုး။
"အို ရန်ြဖစ်တုန်းကကျ မနာတတ်ဘူးလား "
"ရန်ြဖစ်တုန်းက သွေးပူနေတာကိုးဗျ ခု ခဗျားက ထုံဆေးမပေးဘဲ ချုပ်နေတာလေ နာတာပေါ့ဗျ ခဗျားလဲခံကြည့်အုံး"
လူကိုကတ်ကတ်လန်ပြန်ပြောနေတဲ့ ရှေ့ကလူဆိုးမလေးကို တမင်ထုံဆေးမပေးဘဲချုပ်ေပးနေတာ ဘယ့်နှယ်မိန်းကလေးတန်မယ့်ရန်ဖြစ်ရတယ်လို့ တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ် နေ့စဥ်ရက်ဆက် ဆိုတော့....
"တို့ကဘာလို့ခံရမလဲ တို့ကမင်းလို မဆိုးဘူး "
"ဟုတ်ပါတယ်ဗျာ ကျေတာ်ကဘဲ လူဆိုးပါ ..."
"သိရင်ပြီးတာဘဲ "
(ဒါကတော့ မောင် ရန်ဖြစ်တိုင်း ဖြစ်နေကျပုံမှန်ပါဘဲ ရန်ဖြစ်တိုင်း ဆေးထည့်ပေးနေရတဲ့ ဒေါက်တာမလေးက ရုပ်ကလေးချောသလောက် စိတ်ပုပ်တယ်
ရန်ဖြစ်လို့ရတဲ့ ဒဏ်ရာတွေစို မကုပေးဘူး တဲ့လေ
ဒါပေမယ့် ထုံဆေးမပါဘဲ ချုပ်မယ်စို ခံနိုင်ရင် ခံဆိုပြီးလုပ်ပေးတာ.. ကျွန်ေတာ့် ကိုအထင်သေးတာကိုးဗျ ကျွန်တော် ကကော ဘယ်သူလဲ ဟန်နီမောင် မဟုတ်လား ဒီလောက်တော့ခံနိုင်တာပေါ့ဗျာ .. ဒေါက်တာမလေးက ဆေးခန်းဖွင့်တာ တစ်ပတ်မပြည့်သေးဘူး မောင် က နေ့တိုင်းရောက်ြဖစ်နေေတာ့သည်။
အရင် ဒေါက်တာတွေ တုန်းက မလာဖြစ်ပေမယ့် ဟိုတစ်နေ့ကရန်ပွဲမှာ မောင်နဲနဲအထိနာလို့ ဆေးခန်းရောက်ခဲ့ရာကနေရန်ဖြစ်လို့ဒဏ်ရာရတိုင်း ဒေါက်တာမမ
ကိုသတိရတော့တာဘဲ)ဆေးထည့်ပြီးတော့မှ
"ဟွန့်ဒေါက်တာစိတ်ပုပ်ကြီး..သူခံရတာမဟုတ်တိုင်း အသေလုပ်တယ်ဗျာ.. "
"အလုပ်မခံချင် ရန်မြဖစ်နဲ့ လေ"
"သူတို့ဘက်က စတာဗျ ကျုပ်က စတာမှမဟုတ်တာ
သူတို့ကိုသွားပြောပါလား ""တို့က လူတိုင်းကို လိုက်ပြောနေရအောင်
တို့အချိန်တွေ မအားဘူး မင်းကိုပြောတယ်ဆိုတာကလဲ
မင်းဒဏ်ရာရရင် တို့အတွက်အလုပ်တစ်ခုပိုတယ် ဒါကြောင့်ပြောနေတာ "
![](https://img.wattpad.com/cover/356658107-288-k189625.jpg)
YOU ARE READING
ဒေါက်တာမမ(Ongoing)
Short Storyမောင်ပြန်လာမည်မဟုတ်လား။ မမ ဒီကဘဲစောင့်နေမယ်နော်။ ေတာ်ကြာ မမ လိုက်လာမှ မောင်လာခိုက်နဲ့ကြုံနေရင် မမတို့လွဲရချည်ရဲ့။ အစက S-2ဆိုပြီးပြန်ရေးမလို့ပါဘဲ။ဒါပေမယ့် ဒါလေးကအပိုင်းနည်းနေတော့ ဒီမှာဘဲဖြည့်ရေးလိုက်တော့မယ်။(ongoingလိုက်ပေးကြပါနော်) နောက်တစ်ဘဝအနေနဲ...