part-20(U+Z)

1.2K 84 4
                                    

##Unicode##

မောင် မောင်းနှင်လာတဲ့ကားလေးဟာ ဖြူတို့ခြံဝန်းထဲသို့ရောက်ခဲ့ပြီ။

မောင်တို့အိမ်ထဲဝင်လာတော့ ဒေါ်သင်းဖြူလှိုင်ကဧည့်ခန်းတွင်မောင်တို့ကိုစောင့်နေတယ်ထင်ပါရဲ့။

"သမီးဖြူ!!"

ဒေါ်သင်းဖြူလှိုင်၏ခေါ်သံကိုအန်တီကဂရုမစိုက်ဘဲ အပေါ်ထပ်ရှိသူမအခန်းဆီခြေလှမ်းတွေဦးတည်နေသည်။

"အန်တီ"

ေမာင်တားလိုက်မိသည်။
ထို့နောက်အန်တီလက်ကိုဆွဲကာ ဒေါ်သင်းဖြူလှိုင်ဆီခေါ်ခဲ့သည်။

"ဘယ်သွားကြတာလဲမပြောမဆိုနဲ့။"

"ပြောဖို့လိုလို့လား။"

ဒေါ်သင်းဖြူလှိုင်၏အမေးကိုအန်တီက သရော်သလိုဖြေနေသည်မို့။

"မောင်တို့ လျှောက်လည်ကြတာပါ။"

"ဘယ်သူ့ခွင့်ပြုချက်နဲ့ငါ့သမီးကိုခေါ်သွားချင်တိုင်းခေါ်သွားနေရတာလဲ။"

"ဟို...။"

"မောင်အပေါ်တက်မယ်။"

"အန်တီတက်နင့်နော်။"

"ကျစ်!!"

အန်တီက စိတ်ပျက်ဟန်နှင့် အေပါ်ထက်သို့ ​ခြေဆောင့်ကာတက်သွားခဲ့သည်။

မောင် ဒေါ်သင်းဖြူလှိုင်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။

"ငါ့သမီးလည်းကောင်းနေပြီဆိုတော့မင်းပြန်လို့ရပြီ"

ဒေါ်သင်းဖြူလှိုင်ဆီကထွက်ပေါ်လာတဲ့စကားကြောင့်
မောင့်ရင်ထဲစို့နင့်သွားရသည်။မောင်မပြန်ချင်သေးပါ။မောင်အန်တီနဲ့နေချင်သေးသည်။ဒါပေမယ့် အိမ်ရှင်ခွင့်မပြုရင် ဧည့်သည်ကနေခွင့်မှမရှိဘဲ။မောင်ပြန်ရမှာပေါ့။

"ဟုတ်ကဲ့ မောင် မနက်ဖြန်ပြန်ဖို့စီစဥ်ထားပါတယ်"

"ကောင်းပြီလေ။ ညနေစာစီစဥ်ထားတယ် ခဏ​ေနသမီးကိုခေါ်ပြီးဆင်းခဲ့လိုက်။"

"ဟုတ်ကဲ့"

မောင်ပြောကာ အန်တီရှိတဲ့အပေါ်ထပ်သို့ ခြေလှမ်းတွေဦးတည်လိုက်သည်။မောငိ့ခြေလှမ်းတွေဟာအရင်လိုမပေါ့ပါးဘဲ လေးလံနေသည်။မောင် အန်တီတို့အကြောင်းတွေကိုဒီထက်ပိုသိချင်သေးတာ။

ဒေါက်တာမမ(Ongoing)Where stories live. Discover now