ဇာတ်လမ်းကလေး တစ်ခုရှိတယ်

1K 74 3
                                    

တစ်ခါတုန်းက လူတစ်ယောက်ရှိတယ် ။
ထွေးပိုက်ထားတဲ့ အိပ်မက်တွေထဲ
အပြာရောင် ပုံရိပ်ကလေးတွေနဲ့ ။
ရယ်သံတွေက ကျိန်စာသင့်ခဲ့ပြီး
နွေးထွေးမှုက အဝေးရောက်နေသတဲ့ ။

_

၂၀၂၃ ဒီဇင်ဘာ ။

" ဂျယ်မင်း "

အတွေးတွေ လွင့်နေတဲ့ ဂျယ်မင်းရဲ့ လက်မောင်းကို ဟယ်ချန်းက ဖွဖွတို့တော့ ဂျယ်မင်းက အတွေးတွေ နယ်လွန်နေရာကနေ ပြန်ရောက်လာတယ် ။ ဘာဖြစ်လို့လဲလို့ မေးဆတ်ပြလာတဲ့ အဲ့ဒီဂျယ်မင်းနဲ့ ဂျယ်မင်းကို ကြည့်နေတဲ့ ဟယ်ချန်းက မွေးရပ်မြေနဲ့ ဝေးတဲ့ ဒီနိုင်ငံမှာ တစ်ဦးတည်းသော လူမျိုးတူ သူငယ်ချင်း ။

စာကြည့်တိုက်ထဲမှာ ဘယ်သူမှ မကျန်တော့တဲ့ မနက် နှစ်နာရီမှာ ကြိုးစားပမ်းစား စာလုပ်နေသေးတဲ့ အဲ့ဒီ လူမျိုးခြားကလေးနှစ်ယောက်ကို စာကြည့်တိုက်မှူးကြီးက အမြဲတမ်း ကောင်းကောင်းသတိထားမိနေရတဲ့အထိ ။

ကျောင်းစာကြည့်တိုက်ရဲ့ နေရာအစုံက မီးတွေ ပိတ်သွားပေမဲ့ သူတို့နှစ်ယောက်ရှိနေတဲ့နေရာက အဝါရောင်ကျင့်ကျင့် မီးကလေး လင်းလို့ရှိတုန်း ။ နှစ်ယောက်သားရှေ့မှာ ပြန့်ကျဲနေတဲ့ စာအုပ်တွေကြားမှာ လိုအပ်နေတဲ့ အဖြေတွေကတော့ ရှိတန်ကောင်းရာ ။

နှစ်ယောက်တစ်တွဲ လုပ်ရတဲ့ ပရောဂျက်အတွက် အပူတပြင်း အားသွန်ခွန်စိုက်လုပ်နေရတဲ့ အကြောင်းအရင်းက ထူးထူးခြားခြားကြီးတော့ မဟုတ်ဘူး ။
ဒီဇင်ဘာရဲ့ ရှုပ်ထွေးနေမဲ့ ပိတ်ရက်တွေကြားထဲ ရှုပ်ထွေးနေတဲ့ ကျောင်းသားတွေ မဖြစ်ကြချင်ရုံ ။

လျှောက်မလည်ဖြစ်ကြရင် လုံးဝအပြင်မထွက်ဖြစ်အောင် ၊
လျှောက်လည်ဖြစ်ကြရင် နောက်ဆံတွေ တင်းကျန်မနေရအောင် အဲ့ဒီလိုရည်မှန်းချက် ကြီးကြီးထားပြီး တစ်ည၊ နှစ်ည အိပ်ရေးပျက်တာကို စာဖွဲ့မနေတတ်ကြတော့တာ ဖြစ်မယ် ။

ဒါက ပထမဆုံးအကြိမ်လည်း မဟုတ်တော့ဘူးလေ ။
လွန်ခဲ့တဲ့ ငါးနှစ်တုန်းကလည်း အဲ့ဒီအတိုင်း ဒီစာကြည့်တိုက်ထဲမှာ သူတို့ဒီလို ကြိုးစားခဲ့ကြရတာ လတိုင်း ။
လူမျိုးခြားကလေးတွေ အနေနဲ့ ပုံမှန်ထက်ပိုပြီး လုပ်ရင်တောင် မလုံလောက်သေးတဲ့နေရာမှာ သူတို့က အရာအားလုံးကို အေးအေးတန်တန် မထားပစ်လိုက်ချင်ဘူး ။

Nights of December || NoMin Where stories live. Discover now