တကယ်တမ်းကျတော့

303 40 22
                                    

ဘဝက ဒါပြီးရင် ဒါ ပုံမှန်အတိုင်း လည်ပတ်နေတဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတာကို တစ်ခါတစ်လေမှာ မေ့သွားတော့မလိုပဲ ။ တစ်ဦးတည်းသော သားကလေး ဖူးဖူးမှုတ်ခံထားရတဲ့ ဘဝကနေ ဂျဲနို မဖြစ်မနေ အနားယူလိုက်ရချိန်က ဆယ့်ငါးနှစ် အရွယ်မှာ ။

ဖေဖေ့သူငယ်ချင်းနဲ့ အတူ ဖေဖေက အလုပ်လုပ်ဖို့ စကော့တလန်ကို ပြောင်းလာပြီး တစ်နှစ်အကြာမှာ ဖေဖေရော မေမေရောက အက်ဆီးဒန့် ဖြစ်ခဲ့တယ် ။
ရုတ်တရက်ဆန်ဆန် အဖေရော အမေရော ဆုံးရှုံးသွားတဲ့ အဲ့ဒီကလေးဘဝကနေ ခပ်မြန်မြန်ပဲ ဖေဖေ့သူငယ်ချင်းက သူ့ကို မွေးစားခဲ့တဲ့အချိန် သူ့အသက်က ဆယ့်ခြောက်နှစ် ။

နွေးထွေးတဲ့ မိသားစုကလေး ပျက်သုဉ်းသွားပြီးတဲ့ မိဘမဲ့ကလေးလေးက နောက်ထပ် မိသားစုတစ်ခု ထပ်ရခဲ့တယ် ။ ဖေဖေ့သူငယ်ချင်းတို့ လင်မယားမှာ သားသမီးမရှိတာမို့ ဂျဲနိုကို တကယ့်သားကလေးလို ချစ်ပေးခဲ့ကြတာ ။

ဂျဲနိုရဲ့ personalityက ကြီးလာလေ သူ့ရဲ့ မွေးစားအဖေနဲ့ တူလာလေပဲ ။ ဖော်ဖော်ရွေရွေနဲ့ လူတွေအကုန်လုံးကို ရယ်မောပြနေတတ်တဲ့ အဲ့ဒီလို ကလေးမျိုး ဖြစ်လာခဲ့တယ် ။

ဒါပေမဲ့လည်း ဂျဲနိုက မွေးထားတဲ့ မေမေနဲ့တူလို့ လှလှကလေးတွေကို တအားကြိုက်တတ်ပြီး ပစ္စည်းလှလှလေးတွေလို့ စိတ်ထဲထင်ရင် စုသိမ်းထားတတ်တဲ့အရွယ်ကနေ လှတဲ့လူတွေ မြင်ရင် ငေးခနဲ ဖြစ်သွားရအောင် လိုက်ကြည့်တတ်တဲ့ အရွယ်ကို ရောက်လာတဲ့အချိန်မှာ သူ့အသက်က နှစ်ဆယ့်တစ်နှစ်ထဲ ။

တက္ကသိုလ် ပြီးခါနီးလာတဲ့အချိန်မှာ တဖြည်းဖြည်းနဲ့ ခြောက်ကပ်လာတဲ့ အိမ်ကလေးရဲ့ အခြေအနေက ဂျဲနိုတက္ကသိုလ်ပြီးတဲ့အချိန်မှာတော့ ပြိုကွဲသွားတယ် ။ (မွေးစား)အမေက အိမ်ကထွက်သွားပြီး နှစ်တစ်ဝက်အကြာ (မွေးစား)အဖေ ထပ်ပြီး ယူတဲ့ မိန်းမက သူတို့ကျောင်းရဲ့ ကျောင်းအုပ် ဖြစ်နေခဲ့တာက ဂျဲနိုအတွက်တော့ ထင်မှတ်မထားခဲ့ဖူးတဲ့ ကိစ္စရပ်အသစ်တွေ ။

" မာစတာ ဆက်တက်ပြီး ကျောင်းမှာ ဆရာပြန်လုပ်ပါလား ။ မင်းအန်တီလည်း ရှိနေတာပဲ" ဆိုတဲ့ (မွေးစား)အဖေရဲ့ အကြံဉာဏ်ကို ငြင်းဆန်တာမျိုး မလုပ်ဘဲနဲ့ တကယ်ကိုပဲ ကျောင်းမှာ ဆရာပြန်လုပ်ခဲ့တာကနေ အကုန်လုံးက စခဲ့တာပဲ ။ တကယ်တော့ စာသင်ရတာက ဂျဲနိုရဲ့ ဝါသနာ ဖြစ်ခဲ့တာ ဟိုးအစကတည်းက ဖြစ်တယ် ။ သူငယ်ချင်းတွေကို စာပြန်ရှင်းပြရတာ ပျော်တာမို့ ဒီလိုမျိုး ဆုံးဖြတ်ခဲ့တာ ။

Nights of December || NoMin Where stories live. Discover now