စောင့်နေတာကို မရပ်တန့်ခဲ့ဘူး

356 43 22
                                    

မတ်လ ၉ရက် ၂၀၂၄ ။

မနေ့ညက ဖြစ်ပျက်ခဲ့သမျှက အိပ်မက်လိုပဲ ။
နှစ်နှစ်ကျော်ကြာမှ ထိတွေ့ခွင့်ရတဲ့ နှုတ်ခမ်းတွေ ၊ လက်ဖဝါးနုနုကလေးနဲ့ .. အချစ်ကလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တစ်ခုချင်းစီတိုင်းက အဖိုးတန်လွန်းလို့ ။

ရင်ခွင်ထဲမှာ လှဲနေတဲ့ ခန္ဓာကိုယ်ဟာ ဂျယ်မင်းဖြစ်နေပြီး
တစ်လောကလုံးကို ဂရုမစိုက်ဘဲ အိပ်ပျော်နေတဲ့ ပုံစံကလေးဟာ ဂျဲနိုအတွက် အထူးအဆန်းတော့ ဖြစ်မနေခဲ့ဘူး ။
နှစ်တွေကြာလည်းပဲ ဂျယ်မင်းက မပြောင်းလဲခဲ့ပါဘူး ။

အမှားတွေလို့ သိသိကြီးနဲ့ ရှေ့ဆက်တိုးခဲ့ကြတာကို သူ့အပေါ်ကို အစအဆုံး အပြစ်တင်ပုံချလိုက်ရင်တောင် ဂျဲနိုက မရှောင်လွှဲတော့ဖို့ ဆုံးဖြတ်ခဲ့တယ် ။

" နိုးလာရင်တော့ စိတ်တွေဆိုးမယ် ထင်တယ် ကိုကို့ကိုလေ .."

မနက်ခင်းဟာ သာယာသလောက် ၊ ရင်ခွင်ထဲကမျက်နှာကလေးကို ‌ငေးပြီးကြည်လင်နေသလောက် .. စိတ်တွေကတော့ ပျော်ရွှင်မလာခဲ့ဘူး ။

အဆုံးထိ ထိန်းချုပ်ထားခဲ့သင့်တာဆိုတဲ့ အတွေးတွေက ယောင်ချာချာနဲ့ ခေါင်းထဲ‌ရောက်လာတော့ အိပ်ပျော်နေတဲ့ ဂျယ်မင်းရဲ့ မျက်နှာကလေးကိုတောင် ဆက်ပြီးကြည့်နိုင်ဖို့ အားအင်တွေ‌လျော့ရတယ် ။ မဟုတ်ဘူး .. ဒီကလေး တစ်ခုခု ဖြစ်မှာစိုးလို့ တတ်နိုင်တာ လုပ်ခဲ့ရတာဆိုလည်း သူ့ဦးနှောက်က အခုမှ အဲ့တာကို ငြင်းဆန်နေတော့တာ ။

ဂျယ်မင်းက ဘယ်‌လောက်ပဲ အဲ့တာကို တပ်မက်နေခဲ့ပါစေ အဲ့တာက မူးနေပြီး ဆေးမိနေလို့ပဲလို့ ၊ ဂျယ်မင်းက ဘယ်လောက်ပဲ တောင်းဆိုနေခဲ့ပါစေ ခန္ဓာကိုယ်ကို သုံးမဲ့အစား လက်တွေကိုပဲ သုံးခဲ့ရင်တောင် ရတယ်လို့တွေးရင်း အထပ်ထပ် ထိန်းချုပ်နေရင်းက မျက်ရည်စတွေကြား လမ်းပျောက်ခဲ့ရပါရဲ့ ။

ပိုင်ရှင်ရှိနေပြီးတဲ့ ကလေးအပေါ်ကို ဒီလို လွန်ကျူးခဲ့တာဟာ ဖောက်ပြားနေခဲ့တာ ဖြစ်သွားတာလို့ ထပ်တွေးမိတော့ နှလုံးသားက တဆစ်ဆစ်နာတယ် ။ ဟယ်ချန်းကို ဖုန်းခေါ်ခဲ့ပေးပေမဲ့ ဟိုတယ်အပြင်မှာ တစ်ခါပဲဆက်ပြီး ဟိုတယ်ထဲရောက်တော့မှ နောက်တစ်ခါတောင် ထပ်ဆက်ဖို့ မကြိုးစားမိခဲ့တာကလည်း ဂျယ်မင်းနဲ့ အတူတူရှိချင်လို့ပဲဆိုပြီး သူ့ဦးနှောက်က အဲ့ဒီလိုတွေ မှတ်နေတာ ..။

Nights of December || NoMin Where stories live. Discover now